၁၄၆ - ၁၅၀

211 18 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၄၆)နောက်ဆုံးစမ်းသပ်မှု

    သူ မျှော်လင့်ထားသည့်အတိုင်း ချောင်ချင်ရှန်သည် သွမ့်လင်းထျန်ကို တဖန် တိုက်ရိုက်ကြည့်လိုက်ပြီးနောက် ဖြည်းလေးစွာ ပြောလိုက်သည်။
    “သွမ့်လင်းထျန်…မင်းယွီဟုန်ကို သတ်ခဲ့တာ လူတွေ အများကြီးမြင်ခဲ့တယ်…သူက မင်းကို အရင်ဆုံးသတ်ဖို့ ကြံစည်ခဲ့တာကြောင့် သူသေသွားတာ မင်းမှာ အပြစ်မရှိဘူး"

   “ဒုတပ်မှူး…ဒုတပ်မှူး ပြောချင်တဲ့ လိုရင်းမရောက်သေးဘူးမလား"
    သွမ့်လင်းထျန် အပြုံးဖြင့် မေးလိုက်သည်။

   “မင်းက တကယ်ကို လျှော့တွက်လို့ မရတဲ့ကောင်ပဲ…မင်းယွီဟုန်ကို သတ်လိုက်တဲ့ ကိစ္စမှာ ငါတို့ သံသွေးစစ်တပ်က မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး…ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယွီဟုန်က ယွီကလန်ရဲ့ တပည့်တစ်ယောက်ပဲ...ယွီကလန်ရဲ့ အဆင့်အတန်းက အမြင့်ဆုံးမဟုတ်ပေမဲ့  အနိမ့်ဆုံးလည်း မဟုတ်ဘူး…တကယ်လို့ မင်းက ငါတို့ သံသွေးစစ်တပ်ထဲ ဝင်ပြီး တပ်မှူးရဲ့ ဘေးမှာ နေမယ်ဆိုရင် တပ်မှူးက မင်းရယ် မင်းမိသားစုရယ်ကို ဘာအန္တရာယ်မှ မကျရောက်အောင် ကာကွယ်ပေးလိမ့်မယ်…ပြီးတော့ မင်းကို သံသွေးစစ်တပ်ရဲ့ လက်ရွေးစင်စစ်သည်တစ်သောင်းကို ကြီးကြပ်ရတဲ့ တပ်မှူးအဖြစ် ခန့်အပ်မယ်"
    ချောင်ချင်ရှန်သည် သွမ့်လင်းထျန်အပေါ် အပြည့်အဝထိန်းချုပ်နိုင်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

     အခြားတစ်ဖက်တွင် ထုန်ယွင်ဟိုင်သည် အစမှ အဆုံးထိတိုင်အောင် သွမ့်လင်းထျန်၏ မျက်နှာထား ပြောင်းလဲခြင်းမရှိသည်ကို သတိပြုမိပြီး သူ၏ နှလုံးသား လှုပ်ခါသွားသည်။

    “ဒုတပ်မှူး…ဆျာ"
   သွမ့်လင်းထျန် ချောင်ချင်ရှန်ကို ပြုံးပြလိုက်သည်။

     “ပထမဆုံးအနေနဲ့ ကျွန်တော့်အတွက် အများကြီးတွေးပေးလို့ ကျေးဇူးတင်ပါတယ်…ဒုတိယအနေနဲ့ ယွီကလန်လောက်က ကျွန်တော့်ကို ဘာမှလုပ်လို့မရပါဘူး…နောက်ဆုံးအနေနဲ့…ကျွန်တော်ရဲ့ ရည်မှန်းချက်က သံ‌သွေးစစ်တပ်ထဲမှာ မဟုတ်သလို နီလာကောင်းကင်နိုင်ငံထဲမှာလည်း မဟုတ်ပါဘူး"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now