၁၅၁ - ၁၅၅

197 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၅၁)ရှုံချွမ်

    ထိုည၌ သွမ့်လင်းထျန်သည် ရန်ကလန်တွင် တည်းခဲ့သည်။
    သို့မှသာ ရန်တာဆင်းသက်လာသော ရန်ကလန်သည် အဖော်မဲ့ဘဲငန်းမြို့၏ ကလန်ကြီးသုံးခုထဲမှ တစ်ခုဖြစ်ကြောင်းကို သွမ့်လင်းထျန် သိရှိလိုက်သည်။
     ချိုင်ဟိုင်၏ ချိုင်ကလန်သည်လည်း အဖော်မဲ့ဘဲငန်းမြို့၏ ကလန်ကြီးသုံးခုထဲမှ တစ်ခုဖြစ်သည်။
     ထို့ပြင် သွမ့်လင်းထျန်သည် အခြားကိစ္စတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
     ပျံလွှားတောင်ကောင်တီအုပ်ချုပ်ရေးမှူး၏ ဇနီးသည် ချိုင်ကလန်ခေါင်းဆောင်၏ အစ်မဖြစ်သည်။
    လက်ဖြတ်ခံလိုက်ရသည့် ဖိန်ရှန်းသည် ချိုင်ကလန်ခေါင်းဆောင်၏ တူဖြစ်သည်။
    အခြားတစ်ဖက်တွင် ချိုင်ကလန်ခေါင်းဆောင်၏ ညီဖြစ်သော ချိုင်ဟိုင်သည် ဖိန်ရှန်း၏ ဦးလေးဖြစ်သည်။

    “အမြဲတမ်းရန်သူတွေကို မရှောင်ရှားနိုင်ဘူးပဲ..."
  ၎င်းကို တွေ့ရှိပြီးနောက် သွမ့်လင်းထျန် သက်ပြင်းချလိုက်၏။

    “တကယ်လို့ သူ့ဦးလေးက ငါ့ကို အရမ်းယဉ်ယဉ်ကျေးကျေးဆက်ဆံတဲ့အပြင် ကျွန်တစ်ယောက်ပါ လက်ဆောင်ပေးတယ်ဆိုတာ သိရင် ဖိန်ရှန်းဘယ်လိုခံစားရမလဲမသိဘူး…သူဒေါသကြောင့် သွေးပါအန်လောက်တယ်"
     သွမ့်လင်းထျန်၏ နှလုံးသားထဲ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

     “သခင်လေးလင်းထျန်…ဒုတိယသခင်ကြီးက သခင်လေးက်ုညဧည့်ခန်းမကို လာခဲ့ခိုင်းလိုက်ပါတယ်"
     ထိုအချိန်၌ အစေခံမိန်းကလေး၏ အသံ အခန်းထဲ ဝင်လာသည်။

     “ကြည့်ရတာ ချိုင်ဟိုင်ရောက်လာပြီနဲ့ တူတယ်"
    သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ တွေးတောလိုက်သည်။

    အစေခံမိန်းကလေးပြောသည့် ဒုတိယသခင်ကြီးဆိုသည်မှာ ရန်ကလန်ခေါင်းဆောင်ညီဖြစ်သည့် တပ်ဗိုလ်ရန်တာပင် ဖြစ်သည်။

    ရန်ကလန်၏ ဧည့်ခန်းမထဲတွင် သွမ့်လင်းထျန်သည် သူအစောပိုင်းက ရွေးချယ်ထားသည့် သက်လတ်ပိုင်းလူနှင့်အတူ ချိုင်ဟိုင်ကို တွေ့လိုက်ရသည်။
     ရေးမိုးချိုးကာ အဝတ်အစားများ လဲပေးပြီးနောက် သက်လတ်ပိုင်းလူသည် လန်းဆန်းသွားပုံရသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှ အမှတ်သည် ကျွန်တစ်ယောက်အဖြစ် သူ၏ နိမ့်ကျသော အဆင့်အတန်းကို ဖော်ပြနေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now