၉၅၆ - ၉၆၀

213 20 0
                                    


အပိုင်း(၉၅၆)ရက်စက်သောပြိုင်ဆိုင်မှု

     မကြာခင်၌ ဖုန်ဝူတောက်နှင့် ဓားဆယ့်သုံးတို့သည် စုလီ၏ အခန်းထဲက အသီးသီး ထွက်သွားကြသည်။
  
        သွမ့်လင်းထျန်၊ ဖုန်ထျန်းဝူ၊ ကျန်းရှောက်ရုံနှင့် စုလီသာ အခန်းထဲ ကျန်နေခဲ့သည်။

       သွမ့်လင်းထျန်တို့သုံးယောက်၏ အကြည့်သည် စုလီပေါ်သို့ ပြိုင်တူကျရောက်လာသည်။
     သူတို့၏ နှလုံးသားထဲတွင် မေးခွန်းများစွာရှိပြီး စုလီ၏ အဖြေကို အရေးတကြီး လိုအပ်နေကြသည်။

       “စုလီ....အစောက စီနီယာက ဓားဂိုဏ်းက မင်းဆက်ဆယ်ပါးရဲ့သိုင်းပြိုင်ပွဲမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ဝက်ကို လိုချင်တယ်လို့ပြောခဲ့တယ်…အဲ့ဒါဘာကိုဆိုလိုတာလဲ"
       သွမ့်လင်းထျန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

     ဓားဆယ့်သုံး ထိုစကားများပြောချိန်က ဓားဂိုဏ်းသည် ကောင်းကင်ဝံပုလွေခံတပ်နှင့် တပည့်များအတွက် ပြိုင်ဆိုင်လိုခြင်းသက်သက်သာမဟုတ်ဟု သူခံစားနေမိသည်။

       “ငါလည်းမသိဘူး"
      စုလီ ခါးသက်သက်ရယ်လိုက်သည်။
      “ဆရာသခင်က ငါ့ကို မင်းဆက်ဆယ်ပါးရဲ့သိုင်းပြိုင်ပွဲမှာ ပါခိုင်းတာကိုပဲ ငါသိတယ်…ပြီးတော့ သူက ငါ့ကို သိုင်းပြိုင်ပွဲပြီးတာနဲ့ ဓားဂိုဏ်းကိုခေါ်သွားလိမ့်မယ်"
       စုလီသည် ဓားဆယ့်သုံး၏ တပည့်ဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဓားဆယ့်သုံးနှင့်အတူ ဓားဂိုဏ်းကို တစ်ခါမျှ မပြန်ဖူးပေ။

      “ဒီလိုဆို အစောက အစ်ကို့ရဲ့ ဆရာပြောတဲ့ ကတုံးတွေဆိုတာ ဘာလဲ...ဒါက ကောင်းကင်ဝံပုလွေခံတပ်က ဒုခံတပ်မှူးကိုတောင် မျက်နှာပျက်သွားစေတယ်…ဒီကတုံးတွေက ကြောက်ဖို့ကောင်းလို့လား"
     ဖုန်ထျန်းဝူ မေးလိုက်သည်။

      “တကယ်တော့ အဲကတုံးတွေအကြောင်းကို ငါလည်းသေချာမသိဘူး…ဆရာသခင် ပြောတာကြားတာတော့ အဲဒီကတုံးတွေက ငါတို့ဓားဂိုဏ်းထက် မနိမ့်ကျတဲ့ တိုင်းတစ်ပါးတိုင်းပြည်က အင်အားစုတစ်ခုကို ကိုယ်စားပြုတာတဲ့"
      စုလီလည်း ဘာမျှ မသိသောကြောင့်  အနည်းငယ်ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now