၇၅၁ - ၇၅၅

166 14 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၅၁)အထဲ၀င်ခြင်း

     “အစ်ကိုကြီးလင်းထျန်…အစ်ကိုကြီး အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
      ဟန်ရွှယ်နိုင်၏ လှပသော မျက်လုံးများ တောက်ပသွားပြီး သွမ့်လင်းထျန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
     သူမသည် အလွန်ထူးခြားသည့်အရာများကို မြင်ဖူးသော်လည်း ဤကဲ့သို့ အံ့ဖွယ်ဖြစ်ရပ်ကို မြင်ဖူးခြင်းမှာ သူမ၏ ပထမဆုံးအကြိမ်ဖြစ်သည်။

    တစ်ချောင်းတည်းအဖြစ်ပေါင်းစည်းသွားခဲ့သော ကျောက်စိမ်းဓားကိုးချောင်း တဖန်ပြန်ကွဲသွားခဲ့သည်။

     “အစ်ကိုကြီးလည်းမသိဘူး…အစ်ကိုကြီးရဲ့ မူလစွမ်းအင်တွေ ထည့်လိုက်တာနဲ့ ကိုးချောင်းပြန်ဖြစ်သွားတာပဲ"
      မှော်ကမ္ပည်းအစီအရင်တစ်ခု၏ ရှုပ်ထွေးနက်နဲမှုမှာ အပြင်လူတစ်ယောက် သိနိုင်‌သောအရာမဟုတ်ပေ။ မှော်ကမ္ပည်းပညာရှင်များသာ ၎င်းကို နားလည်နိုင်သည်။
       ထို့ကြောင့် သွမ့်လင်းထျန်သည် အမှန်တရားကို မပြောဘဲ ပခုံးတွန့်၍ သာမန်ကာလျှံကာပြောလိုက်သည်။

     သို့သော်လည်း ဟန်ရွှယ်နိုင်ကို လွယ်လွယ်လှည့်စား၍ မရပေ။ သူမသည် သွမ့်လင်းထျန်ကို နက်နက်နဲနဲစိုက်ကြည့်ပြီးနောက် အသံပို့လွှတ်လိုက်သည်။
      “အစ်ကိုကြီးလင်းထျန်…ညီမလေးတို့ ဓားဘုရင်ရဲ့ ရတနာသိုက်ကနေ ထွက်တာနဲ့ အစ်ကိုကြီးဘယ်လိုလုပ်ခဲ့လဲဆိုတာ ညီမလေးကို ပြောရမယ်…အစောက ညီမလေး ကျောက်စိမ်းဓားကို ကိုင်တုန်းက ညီမလေးရဲ့ မူလစွမ်းအင်ထည့်သွင်းပြီး စမ်းကြည့်ခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ မပြဘူး…ဒါပေမဲ့ အစ်ကိုကြီးရဲ လက်ထဲမှာတော့ ချက်ချင်းပဲ ကျောက်စိမ်းဓားကိုးချောင်းဖြစ်သွားတယ်…ဒါကြောင့်မလို့ အစ်ကိုကြီးတစ်ခုခု လုပ်လိုက်တယ်ဆိုတာ သေချာတယ်"
     ဟန်ရွှယ်နိုင် တရစပ်ပြောလိုက်သည်။

     သွမ့်လင်းထျန်ခါးသက်စွာ ရယ်လိုက်၏။
     ထိုကောင်မလေးမှာ တကယ်ကို ဉာဏ်ကောင်းလွန်းသည်။ သူမသည် ထိုအရာကိုပင် မြင်တွေ့နိုင်စွမ်းရှိသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now