အပိုင်း ၁ - ၅

1.1K 54 2
                                    

[Unicode]
War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁) လက်နက်ကျွမ်းကျင်သူ လင်းထျန်

      ရှေးဟောင်းပုံစံ အခန်းတစ်ခုအတွင်း လင်းထျန် နိုးထလာခဲ့သည်။

     “ မကောင်းတော့ဘူး၊ ငါထောင်ချောက်ထဲ ရောက်နေပြီ "

     သူသည် မျက်လုံးဖွင့်ရန် မအားသေးပါ။ သူသည် မြေပြင်အားလက်ဖြင့်ထောက်ကာ အားယူပြီး ထွက်ပြေးရန်ပြင်လိုက်သည်။
     ၎င်းသည် အထူးတပ်ဖွဲ့မှ ထူးချွန်သောစစ်သားများ၏ အလိုအလျောက် တုံ့ပြန်မှုဖြစ်သည်။
     သူ၏လက် မြေပြင်သို့ထိသွားသောအခါ စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
     လင်းထျန်သည် သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး မျက်လုံးဖွင့်လိုက်သည်။

     “ ထျန်....နောက်ဆုံးတော့ မင်းနိုးလာပြီပဲ "
    
     အမျိုးသမီးတစ်ယောက်၏ ချိုသာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည့် အသံတစ်သံ သူ၏နားထဲသို့ ဝင်ရောက်လာသည်။
     လင်းထျန်သည် အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်သည့် အချိန်တွင် နူးညံသိမ်မွေ့ပြီး ကျက်သရေရှိသည့်မျက်နှာဖြင့် သူအား ချစ်ခင်ကြင်နာစွာကြည့်နေသည့် မျက်နှာတစ်ခုကို တွေ့လိုက်သည်။
     သူသည် ရင်သပ်ရှုမောဖွယ်ရာ ဂန္ထဝင်အလှအပတစ်ခုကို မြင်လိုက်ရသည်။

     ဘာတွေဖြစ်နေတာလဲ

     လင်းထျန်၏ စိတ်ထဲတွင် ကျွမ်းဝင်သော မှတ်ဉာဏ်များ ပေါ်ပေါက်လာသည်။
    လင်းထျန်သည် ဟွာနိုင်ငံသားဖြစ်သည်။
     ယခင်ကသူသည် ဟွာနိုင်ငံ၏ ဖန်းဝံပုလွေလက်ရွေးစင် အထူးတပ်ဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ လုပ်သက်တစ်လျောက်တွင် မရေမတွက်နိုင်သော စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။
     သူသည် အပြည်ပြည်ဆိုင်ရာ အထူးတပ်ဖွဲ့များ ပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ထိပ်တန်းတိုက်ခိုက်သူအဖြစ် ချီးမြှင့်ခံခဲ့ရကာ လက်နက်များကျွမ်းကျင်ဘုရင် ဟုအသိအမှတ်ပြုခံခဲ့ရသညါ။
     ထို့နောက်တွင်သူသည် နိုင်ငံပေါင်းစုံ Sသုံးလုံးစစ်ဆင်ရေးတွင် သူ၏အမှားအနည်းငယ်ကြောင့် ရဲဘော်ရဲဘက်များသေဆုံးခဲ့ရသည်။
     သူ၏အပြစ်ကြောင့်  ဖန်းဝံပုလွေလက်ရွေးစင်အထူးတပ်ဖွဲ့မှ အနားယူခဲ့ရသည်။
    
     အနားယူပြီး‌သည့်နောက် အချိန်အတော်ကြာသည်ထိ သူ့သတင်းမကြားရပေ။ သူသည်ပြည်ပသို့ ထွက်ခွာသွားပြီးနောက် ကျော်ကြားသော ကြေးစားအဖွဲ့အစည်းတစ်ခု၏ ထောက်တိုင်ဖြစ်လာသည်။
     သူ‌ပါဝင်ခဲ့သည့် စစ်ဆင်ရေးတိုင်းသည် တစ်ရာ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။
     သူသည် ‌ဖန်းဝံပုလွေလက်ရွေးစင်အထူးတပ်ဖွဲ့မှ အနားယူခဲ့ရသော်လည်း သူ၏နှလုံးသားသည် ဇာတိမြေ၌ပင် ရှိနေသေးသည်။
     ဟွာနိုင်ငံအား အန္တရာယ်ဖြစ်စေသည့် စစ်ဆင်ရေးတစ်ခုပေးအပ်ခဲ့ပါက သူသည်ငြင်းပယ်ရုံသာမကဘဲ အလုပ်အပ်သူကို လိုက်လံဖော်ထုတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။
     အချိန်ကြာလာသည်နှင့်အမျှ သူသည်ဟွာနိုင်ငံမှလွဲ၍  နိုင်ငံအားလုံး၏ ဆူးပင်တစ်ပင်ဖြစ်လာသည်။
     အခြားနိုင်ငံများ၏ အမြင်တွင် သူသည် ချိန်ကိုက်ဗုံးတစ်လုံးဖြစ်သည်။
     သူသွားလေရာနေရာတိုင်းတွင် သတ်ဖြတ်ခြင်းများနှင့် သွေးထွက်သံယိုမှုများ ဖြစ်လေ့ရှိသည်။
     နိုင်ငံတော်တော်များများသည် သူ့အားသတ်ဖြတ်ရန် ငွေကြေးအမြောက်အမြားဖြင့် ကမ္ဘာ့အဆင့်မှီ လုပ်ကြံသတ်ဖြတ်သူများကို ငှားရမ်းခဲ့ကြသည်။
     သို့သော်လည်း လင်းထျန်၏ ဘဝသည် နေ့စဉ်ပို၍ပင်သက်သောင့်သက်သာရှိလာကာ လုပ်ကြံသတ်ဖြတ်သူများသည် လေထဲတွင် ပျောက်ကွယ်သွားသလို ဖြစ်နေကြသည်။
     နောက်ဆုံးတွင် မည်သည့်လုပ်ကြံသတ်ဖြတ်သူမှ ဆူဆိုဒ်မစ်ရှင် ကိုလက်ခံရန် ဆန္ဒမရှိကြတော့ပေ။
     လင်းထျန်ကိုလုပ်ကြံခြင်းသည် ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် အတူတူပင်ဖြစ်သည်။
     ထိုအချက်ကို လုပ်ကြံသတ်ဖြတ်သူများနှင့် ကြေးစားများအားလုံးလက်ခံထားကြသည်။
      လင်းထျန်သည် ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူတစ်ဦးသာမက အတွင်းအားကျင့်ကြံသူတစ်ဦးလည်းဖြစ်သည်။
     ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် သူ၏ပြိုင်ဘက်တွေ့ရန် ခဲယဉ်းပေသည်။ အကယ်၍ ထိုက်တန်သည့်ပြိုင်ဘက်တစ်ဦး တွေ့လျှင်ပင် သူသည် ဘယ်သောအခါကမှ မရှုံးနိမ့်ခဲ့ပါ။
      သိပ်မကြာခင်အချိန်က သူသည် အယုံကြည်ရဆုံးလူတစ်ယောက်ဆီမှ သတင်းတစ်ခု ရရှိခဲ့သည်။
      Rနိုင်ငံသည် အရောင်မဲ့ဇီဝဗေဒလက်နက်တစ်ခု တီထွင်နိုင်ခဲ့ပြီး သူတို့သည် ရက်စက်ယုတ်မာသည့် အကြံအစည်တစ်ခုဖြင့် လက်နက်များကို ဟွာနိုင်ငံကို သယ်ယူပို့ဆောင်ရန် စီစဉ်နေသည် ဟူ၍ဖြစ်သည်။
      ထိုသတင်းအားကြားသိရသည့်အခါ လင်းထျန်လှုပ်ရှားခဲ့သည်။
      သူ့လူယုံအကူအညီဖြင့် ဇီဝဗေဒလက်နက်များရှိရာနေရာကို သိရှိခဲ့သည်။
      သူသည် သွေးစွန်းသောလမ်းကြောင်းတစ်ခုကို ဖောက်ထွင်းပြီး မြေအောက်ဓာတ်ခွဲခန်းထဲကို ဝင်ရောက်နိုင်ခဲ့သည်။ သူဇီဝဗေဒလက်နက်များအား ဖျက်စီးခါနီးတွင် ရုတ်တရက် ဓာတ်ခွဲခန်းပေါက်ကွဲသွားပြီး သူသည်ပိတ်လှောင်ထားသည့် လှောင်အိမ်တစ်ခုထဲ ကျရောက်သွားသည်။
      မြေအောက်ဓာတ်ခွဲခန်းထဲ သေနတ်များဖြင့် တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လာသော Rနိုင်ငံသားများကိုမြင်မှသာ သူအလုံးစုံ နားလည်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now