966 - 970

166 12 0
                                    

အပိုင်း(၉၆၆)သန်မာသော နှလုံးသား

    “တခြားသူတွေရဲ့ တိုက်ပွဲရလဒ်က ဘယ်လိုဖြစ်မလဲမသိဘူး…ဒီမှာ လူနှစ်ယောက် သေသွားပြီဆိုတော့ နောက်ထပ် လူလေးဆယ့်နှစ်ယောက်ကျန်တယ်"

      သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ တွေးတောလိုက်ပြီး အဝေးသို့ဆက်လက်ပျံသန်းသွားကာ ပစ်မှတ်ကို ရှာဖွေလိုက်သည်။

      သူသည် သိုသိုဝှက်ဝှက်နေကာ လမ်းတစ်လျှောက်လုံး သတိထားနေခဲ့သည်။ သူ့ဘက်က စတိုက်ခိုက်ခြင်းက ရှားသည်။

    များသောအားဖြင့် သူသည် တခြားလူ၏ ဘေးတွင် ပုန်းကွယ်နေခဲ့ပြီး ထိုလူသည် သူ့အတွက် ခြိမ်းခြောက်မှုမဟုတ်ကြောင်း အတည်ပြုပြီးမှသာ လှုပ်ရှားခြင်းဖြစ်သည်။

       နောက်ထပ် လမ်းတစ်လျှောက်တွင် သွမ့်လင်းထျန်၏ လက်ချက်ဖြင့် လူရွယ်သုံးယောက် သေသွားခဲ့သည်။

     သူတို့ထဲက တစ်ယောက်မှာ တစ်ခါက ဒန်းမင်းမင်းဆက်၏ ရေခဲမီးနန်းဆောင်က နဝမထပ်တွင် သူနှင့် တိုက်ခိုက်ခဲ့သော ဒန်းမင်းမင်းဆက်ကဖြစ်ပြီး ထိုလူသည် သူနှင့် အသိအကျွမ်းဟောင်းဟု ဆိုနိုင်သည်။

     

     ရွှစ်…

    လက်မြှောက်လိုက်ခြင်းနှင့်အတူ သွမ့်လင်းထျန်သည် ကိုးနဂါးအလင်းကို အသုံးပြုလိုက်ရာ ရောင်ခြည်များသည် နောက်ထပ်လူငယ်တစ်ယောက်ကို အပေါက်လေးပေါက် ထိုးဖောက်သွားသည်။

      “ဒီလောကမှာ လူတွေရဲ့ အသက်က တကယ်ကို မြက်ပင်တွေကျနေတာပဲ"

     သူ့ပြိုင်ဘက်၏ ကွက်လပ်လက်စွပ်ကို သိမ်းယူပြီးနောက် သွမ့်လင်းထျန် ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

     စင်စစ်မူ ယခု၌ သူသည် သူ့ထက် သန်မာသော တည်ရှိမှုတစ်ခုနှင့် တွေ့ရပါက သူ၏ အသက်သည်လည်း မြက်ပင်တစ်ပင်ကဲ့သို့ နိမ့်ပါးသွားမည်ဖြစ်ကြောင်း သူ ရှင်းလင်းစွာသိသည်။

       ထို့ကြောင့် သွမ့်လင်းထျန် တစ်စုံတစ်ယောက်ကို တိုက်ခိုက်ပြီး သတ်ပစ်တိုင်း သူ့ရင်ထဲတွင် ကြောက်ရွံ့မှုအနည်းငယ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now