၇၁၁ - ၇၁၅

159 13 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၁၁)ပါရမီရှင်ပြိုင်ပွဲစတင်ခြင်း

     “အာ"
    မကြာခင်၌ ဟင်းလင်းပြင်ပေါင်းစည်းခြင်းသစ်သီး၏ သွေးဆောင်ခံရမှုနှင့် ရင်ဆိုင်ရချိန်တွင် သူအပါအ၀င် လူငယ်ပါရမီရှင်အများစု မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေကြောင်းကို သွမ့်လင်းထျန် သတိပြုမိလိုက်သည်။
     လူနှစ်ယောက်သာ နည်းနည်းမျှ စိတ်၀င်စားပုံမရပေ။

     စုလီ... လုံယွင်…

   “သူတို့နှစ်ယောက်လုံးရဲ့ ဆရာသခင်တွေက တိုင်းတစ်ပါးတိုင်းပြည်တွေပဲ…သူတို့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းသစ်သီးကို သုံးပြီးလောက်ပြီ"
      သွမ့်လင်းထျန် ခန့်မှန်းလိုက်၏။
  
      ဟင်းလင်းပြင်ပေါင်းစည်းခြင်းသစ်သီးကို ဒုတိယအကြိမ် သုံးစွဲလိုက်လျှင် ၎င်း၏ အာနိသင်များစွာလျော့ကျသွားလိမ့်မည်ဖြစ်ပြီး အကျိုးကျေးဇူးမှာ လုံး၀အရေးမပါတော့ပေ။

     သူ၏ သိချင်စိတ်များအောက်တွင် သွမ့်လင်းထျန် စုလီကို အသံပို့လွှတ်၍ မေးလိုက်သည်။ 

     သွမ့်လင်းထျန်၏ စကားကိုကြားချိန်၌ စုလီခေါင်းညိတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။
     “သိပ်မကြာခင်က ဆရာသခင်က ငါ့ကိုဟင်းလင်းပြင်ပေါင်းစည်းခြင်းသစ်သီး ပေးခဲ့တယ်…ငါသူ့ရဲ့ ဆေးအာနိသင်ကို အပြည့်အ၀မစုပ်ယူရသေးဘူး…ငါဟင်းလင်းပြင်ပေါင်းစည်းခြင်းသစ်သီးရဲ့ ဆေးအာနိသင်အားလုံးစုပ်ယူပြီးတာနဲ့ ငါ့အတွက် ချက်ချင်းဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ကိုတက်ဖို့ လုံလောက်တယ်"

       ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်....
      သွမ့်လင်းထျန်၏ မျက်လုံးများမှေးစင်းသွားပြီး စုလီကိုအနည်းငယ် တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
       “စုလီ…မင်း ဓားအနှစ်သာရကို နားလည်သွားပြီလား"
     စုလီသည် ဝိညာဉ်သစ်သီး၏ ဆေးအာနိသင်ကို အကုန်စုပ်ယူပြီးသည်နှင့် ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ကိုရောက်မည်ဟု ပြောခဲ့သည်။
     ထိုစကားလုံးများသည်  သွမ့်လင်းထျန်၏ စိတ်ထဲ အတွေးများစွာယှက်ပြေးသွားစေခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now