၂၃၁ - ၂၃၅

202 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၃၁) အသက်တစ်ဆယ့်ရှစ်နှစ်မူလအူတိုင်အဆင့်သိုင်းပညာရှင်

      ရှူချင်း၏ ပေါက်ကွဲစွာ အော်သံနှင့်အတူ သူ၏ ခြေထောက်များမှ မူလစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမြောက်ဆံတစ်ခုအလား သွမ့်လင်းထျန်ဆီသို့ တဟုန်ထိုး တိုး၀င်လာသည်။
    သူ၏ အထက်၌ ရှေးဟောင်းအမွေးရှည်ဆင်အရိပ်တစ်ဆယ့်နှစ်ခု ထွက်ပေါ်လာသည်။

    ဝှစ်…

    ရှူချင်း၏ အလျင်နှုန်းမှာ အလွန်မြန်လှသည်။ သူသည် ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်ပမာ လေကဲ့သို့ အလျင်ဖြင့် လှုပ်ရှားလိုက်သည်။

    ဝုန်း…
 
     ရှူချင်း သူ၏ လက်ကို မြောက်လိုက်၏။ လေထဲ၌ သုံးပေရှည်လျားသော ဓားတစ်ချောင်းထွက်ပေါ်လာပြီး အနက်ရောင်ဓားဓားအလင်းတစ်ခုသည် သွမ့်လင်းထျန်ဆီသို့ တိုး၀င်သွားသည်။

     ရှူချင်း၏ အထက်၌ နောက်ထပ် ရှေးဟောင်းအမွေးရှည်ဆင်အရိပ်သုံးခုသိပ်သည်းလာသည်။ သူ့ဝိညာဉ်လက်နက်၏ တိုးမြှင့်မှုကိုအားကိုး၍ ရှူချင်း၏ ခွန်အားသည် ရှေးဟောင်းအမွေးရှည်ဆင်တစ်ဆယ့်ငါးကောင်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

     အဓိကဖွဲ့စည်းအဆင့်ကိုး…

    အဆင့်ခုနှစ်ဝိညာဉ်လက်နက်…

     မျှော်လင့်ထားသကဲ့သို့ သူတိုက်ခိုက်လိုက်သည့်အချိန်၌ ရှူချင်းသည် ကျောင်းသားအားလုံး၏ အာရုံကို ဆွဲဆောင်သွားပြီး သူတို့၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။

    ရှူချင်း သွမ့်လင်းထျန်ကို အနိုင်ယူနိုင်မည်လားကို သူတို့ အလွန်သိချင်နေကြသည်။

      ရှူချင်း သွမ့်လင်းထျန်ကို သူ၏ လက်ထဲမှ ဓားဖြင့် တိုက်ခိုက်လိုက်သည့်အချိန်၌ သူ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အငွေ့များ ထွက်ပေါ်လာသည်။
    ဤသွမ့်လင်းထျန်သည် သူနှင့် တိုက်ခိုက်ရမည်ကိုအထင်သေးသည်ဟု ပြောခဲ့သည်။ အကယ်၍ ထိုသို့ပြောသူမှာ အသက်ကြီးသော မူလအူတိုင်အဆင့်သိုင်းပညာရှင်တစ်ယောက်ဆိုပါက သူဘာမှ ခံစားရလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ထိုသို့ပြောသူမှာ အဓိကဖွဲ့စည်းမှုအဆင့်ကိုးသိုင်းပညာရှင်ဖြစ်သည်။ ထို့ပြင် အသက်တစ်ဆယ့်ရှစ်နှစ်လူငယ်ဖြစ်သည်။
   အဓိကအချက်အနေဖြင့် ဤလူငယ်သည် သူ၏ နှလုံးသားထဲမှ သူနှိမ်နင်းချင်သည့် လူဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now