၃၈၆ - ၃၉၀

172 17 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၈၆)စောက်ကြောက်

       “သူက ရှီဟောင်လား…သူက ရှီရန်လို့ ပုံစံပဲ"
    လီဖေး၏ လှပသော မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။

     “တောင်သခင်"
   ရှီဟောင်နှင့် ကျောက်လင်တို့ ရောက်လာပြီးနောက် သူတို့သည် မိုက်ဇာတောင်၏ တောင်သခင်ကျန့်ဖန်ကို အသီးသီးအရိုအ‌သေပေးလိုက်သည်။

    ကျန့်ဖန် ကျောက်လင်ကို ပြုံးကာ ပြောလိုက်သည်။
     “အကြီးအကဲကျောက်လင်…မင်းက အပြင်စည်းသိုင်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို အရမ်းစိတ်၀င်စားပြီး လူကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

      “တောင်သခင်…ဒီတစ်ခေါက် အပြင်စည်းသိုင်းပြိုင်ပွဲက အရင်ကနဲ့ ခြားနားတယ်…ဒါကြောင့်မလို့ ကျုပ် အတွေ့အကြုံရမလားလို့ လာကြည့်တာပါ"
     ကျောက်လင်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူသည် တစ်စုံတစ်ခုအား ရည်ညွှန်းနေပုံရသည်။
  
      “ကြည့်ရတာ မင်းက ဒီအ‌ကြောင်းကို သိပြီးပြီပဲ"
      ကျန့်ဖန် ကျောက်လင်ကို သေချာကြည့်ပြီးနောက် ကျောက်လင်၏ ဘေးမှ ရှီဟောင်ကိုကြည့်ကာ ခေါင်းဆတ်ပြလိုက်သည်။
 
     “ရှီဟောင်…ဒီနေ့ မင်းတစ်ခုခုလုပ်နိုင်မယ်လို့ ငါ မျှော်လင့်တယ်…အပြင်စည်းရဲ့ နံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အရှက်မရစေနဲ့"

     “စိတ်မပူပါနဲ့တောင်သခင်…ဒီနေ့ကျုပ်ရဲ့ ပစ်မှတ်က ပထမနေရာပါ"
   ရှီဟောင် ခေါင်းညိတ်လိုက်ပြီး သူ၏ တြိဂံမျက်လုံးများထဲ၌ ယုံကြည်မှုတစ်စွန်းတစ်စလက်သွားသည်။

     “အရမ်းကောင်းတယ်"
    ကျန့်ဖန် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ရွေ့လျားသွားကာ အလယ်မှ တိုက်ခိုက်ရေးကွင်ပြင်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူပတ်၀န်းကျင်ကို ဝှေ့ကြည့်ကာ ဖြည်းလေးစွာဖြင့် ပြောလိုက်သည်။
     “ဒီတစ်ခေါက် အပြင်စည်းသိုင်းပြိုင်ပွဲရဲ့ စည်းမျဉ်းတွေပြောင်းလဲသွားတာကို လူတိုင်းသိကြလိမ့်မယ်လို့ ငါယုံကြည်တယ်…ဒီနေ့ အပြင်စည်းတပည့်ခြောက်ဆယ် အပြင်စည်းသိုင်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာမပါခင်မှာ ငါကြိုပြီးပြောစရာတစ်ခုရှိတယ်"
     ကျန့်ဖန်၏ အသံမှာ မကျယ်သော်လည်း ထူထဲသော မူလစွမ်းအင်များပါ၀င်ပြီး လူတိုင်း၏ နားများထဲသို့ မိုးခြိမ်းသံပမာ တိုး၀င်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now