၉၁၁ - ၉၁၅

176 15 1
                                    

အပိုင်း(၉၁၁)သွမ့်လင်းထျန်၏ မယိမ်းယိုင်သောစရိုက်

    နဂါးများသည် သွမ့်လင်းထျန်အတွက် အကျွမ်းတဝင်မရှိသော သတ္တဝါများမဟုတ်ပေ။
    အတိတ်ဘ၀က သူကမ္ဘာမြေပေါ်တွင် လက်နက်ကျွမ်းကျင်သူအနေဖြင့်ရှိချိန်၌ သူသည် လင်းထျန်ဟူသော နာမည်နှင့် ရှေးဟောင်းအရှေ့နိုင်ငံကဖြစ်ပြီး တခြားနာမည်တစ်ခု ထပ်ရှိသေးသည်။
       နဂါးများ၏ မျိုးဆက်
     သူသည် နဂါးများက ဆင်းသက်လာသူဖြစ်သည်။
     စင်စစ်မူ သူ၏ အတိတ်ဘ၀က နဂါးများသည် ကိုးကွယ်ပူဇော်သောနဂါးများသာဖြစ်သည်။
       ဤလောကထဲ မရောက်လာခင်တွင် နဂါးများရှိသည်ဟု  သူမယုံခဲ့ပေ။
      “ငါ့အရင်ဘ၀က ဒဏ္ဍာရီထဲမှာ လက်သုံးချောင်းနတ်နဂါး၊လက်လေးချောင်းနတ်နဂါး၊ လက်ငါးချောင်းနတ်နဂါးရှိတယ်…ဒါပေမဲ့ လက်ငါးချောင်းနတ်နဂါးက နဂါးတွေထဲမှာ အကန့်အသတ်ကိုရောက်နေပြီ…လက်ခြောက်ချောင်းနတ်နဂါးကိုတော့ ငါတစ်ခါမှကြားဖူးဘူး"
     သူလာခဲ့သည့် ရှေးဟောင်းအရှေ့နိုင်ငံတွင် နဂါးများသည် လက်သည်းပိုများလေ နဂါး၏ အဆင့်အတန်းနှင့် စွမ်းအားပိုမြင့်လေဖြစ်သည်။
     ဥပမာအနေဖြင့် သူ၏ယခင်ဘ၀က ရှေးခေတ်ကာလတွင် ကြီးမြတ်သော ဧကရာဇ်များကသာ လက်ငါးချောင်းနတ်နဂါး၀တ်ရုံ၀တ်ဆင်ကြသည်။

     ဘုရင်များနှင့် မင်းသားများပင် လက်လေးချောင်းနတ်နဂါး သို့မဟုတ် လက်သုံးချောင်းနတ်နဂါး၀တ်ရုံသာ၀တ်ဆင်ကြသည်။

    “လက်ခြောက်ချောင်းနတ်နဂါး…ငါဒါကိုအရင်က တစ်ခါမှ မကြားဖူးဘူး"
    လက်ခြောက်ချောင်းနတ်နဂါး၀တ်ရုံ၀တ်လူ၏ ကျောကိုကြည့်ကာ  သွမ့်လင်းထျန်၏ မျက်လုံးထဲ အံ့အားသင့်မှု တစ်စွန်းတစ်စယှက်ပြေးသွားသည်။
    ထို့နောက် သူသည် ထိုသူ့ကိုအာရုံမစိုက်ပဲ လှည့်ပတ်သွားရန်ပြင်လိုက်သည်။

    သို့သော်လည်း  သွမ့်လင်းထျန် လှည့်ပတ်သွားရန်  ပြင်လိုက်စဉ်၌…

     ဝှစ်…

    သူ့မျက်နှာက်ု လေပြင်းတစ်ခုရိုက်ခတ်သွားပြီးနောက်  သွမ့်လင်းထျန်၏ မျက်စိရှေ့ ပုံရိပ်တစ်ခုပေါ်လာသည်။ ပုံရိပ်မှာ လက်ခြောက်ချောင်းနတ်နဂါးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now