၂၉၆ - ၃၀၀

187 18 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၉၆)နာရီ၀က်

     သွမ့်လင်းထျန် မလှုပ်ရှားသေးကြောင်းကို မြင်သည်အချိန်၌ ကျူးကလန်အဖွဲ့ဝင်များ၏ မျက်နှာထက်၌ အထင်သေးမှုများ ဖြစ်ပေါ်လာသည်။

    “သူက တကယ်အဆင့်ရှစ်ဝိညာဉ်လက်နက်ကို စမသန့်စင်သေးဘူး…သူက အရှုံးပေးဖို့ ကြံစည်ထားတာလား"
    ကျူးကလန်၏ အကြီးအကဲတစ်ယောက် လှောင်ပြောင်လိုက်သည်။

     “မဟုတ်လောက်ဘူး"
    ကျူးကလန်၏ ခေါင်းဆောင်ကျူးလုံခေါင်းယမ်းလိုက်သည်။
     “အသက်အလောင်းအစားကို သူကစပြီး ပြောခဲ့တာမလို့ သူ့ဘက်စပြီး အရှုံးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး…ဒုတိယအကြီးအကဲကို ဒီအသက်အလောင်းအစားသဘောတူခိုင်းခဲ့တာ မကောင်းဘူးလို့ ငါခံစားရတယ်"
    သူ၏ စကားဆုံးသည်နှင့် ကျူးလုံ မျက်မှောင်ကြုတ်သွားသည်။

    ခရမ်းရောင်အ၀တ်အစား၀တ် လူရွယ်၏ ဂရုမစိုက် အလျင်မလိုသော မျက်နှာထားကို မြင်ရချိန်၌ အဘယ်ကြောင့်မှန်းမသိဘဲ သူ၏ နှလုံးသားထဲ၌ ယုံကြည်မှုမရှိဖြစ်လာသည်။

     “ခေါင်းဆောင်…သူက ဒုတိယအကြီးအကဲကို အနိုင်ယူနိုင်တယ်လို့ ခေါင်းဆောင်ထင်နေတာလား"
    နောက်ထပ် ကျူးကလန်၏ အကြီးအကဲတစ်‌ယောက် သံသယများပြည့်နှက်နေ‌သော မျက်နှာထားဖြင့် ခေါင်းယမ်းလိုက်သည်။
     
    “ဦးလေး…စိတ်မပူပါနဲ့…ဒုတိယအကြီးအကဲက ကျွန်တော်တို့ ပျံလွှားတောင်ကောင်တီရဲ့ နံပါတ်တစ်အဆင့်ရှစ်လက်နက်ပညာရှင်အဖြစ် အသိအမှတ်ပြုခံထားရတာပဲ…ပျံလွှားတောင်ကောင်တီထဲမှာ ဆယ့်ကိုးရာခိုင်နှုန်းတိုးမြှင့်‌ပေးနိုင်စွမ်းရှိတဲ့ ဝိညာဉ်လက်နက်ကို သန့်စင်နိုင်တဲ့ တခြားအဆင့်ရှစ်လက်နက်ပညာရှင်ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"
    ကျူးကျောင် ယခုအချိန်၌ နလန်ထူလာပြီး သွမ့်လင်းထျန်ကို မနှိုင်းယှဉ်သာအောင် မှုန်မှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
      “သူဘယ်လိုသေမလဲဆိုတာ ကျွန်တော်ကြည့်ချင်တယ်"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now