၄၁၆ - ၄၂၀

183 19 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၁၆)အတွင်းစည်းစမ်းသပ်မှု

     ပစ္စည်းများကို ထုတ်ယူလိုက်ပြီးနောက် သွမ့်လင်းထျန်၏ အကြည့် စူးရှသွားသည်။

    ရွဲ…

    သူ၏ လက်ဖဝါးကို လှန်လိုက်ရာ အလယ်မှ မီးလျှံတစ်ခုထွက်ပေါ်လာသည်။ ရုတ်တရက် မီးလျှံလူးလွန့်ကခုန်သွားသည်။
      ထိုမီးလျှံမှာ ရွှေရောင်ဖြစ်ပြီး တောက်ပကာ တရှဲရှဲဖြင့် တောက်လောင်နေသည်။ ၄မှာ အဆင့်ခုနှစ်လက်နက်မီးလျှံဖြစ်သည်။

     အဆင့်ခုနှစ်လက်နက်မီးလျှံထွက်ပေါ်လာခြင်းနှင့်အတူ သွမ့်လင်းထျန် ထုတ်ယူထားသည့် ပစ္စည်းများသည် အရည်ပျော်သွားပြီး သွမ့်လင်းထျန်၏ ထိန်းချုပ်မှုအောက်၌ ပေါင်းစည်းသွားကြသည်။

     မကြာခင်၌ သွမ့်လင်းထျန်သည် အဆင့်ရှစ်ဆေးအိုးကို အရည်ဖျော်လိုက်ပြီး နောက်ထပ်အရည်တစ်ပုံထွက်ပေါ်လာသည်။

      သွမ့်လင်းထျန်၏ လက်ထဲမှ အဆင့်ခုနှစ်ဝိညာဉ်လက်နက်မီးလျှံ၏ အပူပေးမှုအောက်တွင် အရည်များသည် အတူတကွပေါင်းစည်းသွားကြသည်။
      ပေါင်းစည်းခြင်းဖြစ်စဉ်သည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။
     ထို့နောက် အရည်များသည် တဖြည်းဖြည်း ဆေးအိုးပုံစံအကြမ်းထည်အဖြစ် သိပ်သည်းလာသည်။
     အကြမ်းထည်သည် နောက်ဆုံး၌ တဖြည်းဖြည်း ရှင်းလင်းလာပြီး ပြီးပြည့်စုံသော ဆေးအိုးတစ်ခုဖြစ်လာသည်။
      ဆေးအိုး၏ ဘေးဘောင်ပတ်ချာလည်တွင် အသက်၀င်သည့်ပမာ နတ်နဂါးကိုးကောင်ခွေရစ်နေသည်။

      “ငါမင်းကို နဂါးကိုးကောင်ဆေးအိုးလို့ ခေါ်မယ်"
      သွမ့်လင်းထျန် သူ၏ ရှေ့မှ ဆေးအိုးအား ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်၌  အပြုံးတစ်စဖြစ်ပေါ်လာသည်။ သူ၏ လက်ထဲမှ အဆင့်ခုနှစ်လက်နက်မီးလျှံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နဂါးကိုးကောင်ဆေးအိုးသည် သူ၏ လက်ပေါ်သို့ ဆင်းသက်လာသည်။

       အဆင့်ခုနှစ်လက်နက်ပညာရှင်ဖြစ်လာပြီးနောက် ၄မှာ သွမ့်လင်းထျန်အတွက် ပထမဦးဆုံးလက်နက်တစ်ခု သန့်စင်မွမ်းမံခြင်းဖြစ်သည်။
       သူသည် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ လက်နက်သန့်စင်ထုလုပ်ရာ၌ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုတို့ကို ပိုင်ဆိုင်ထားသောကြောင့် ဆေးအိုးကို သန့်စင်မွမ်းမံရာ၌ အခက်အခဲတစ်စုံတစ်ရာမတွေ့ခဲ့ရပေ။
    အရာအားလုံးမှာ အဆင်ပြေချောမွေ့လို့နေသည်။
     အဆင့်ခုနှစ်ဆေးအိုး၊ နဂါးကိုးကောင်ဆေးအိုးကို သန့်စင်မွမ်းမံပြီးပြီဖြစ်‌သောကြောင့် သွမ့်လင်းထျန်သည် အဆင့်ခုနှစ်ဝိညာဉ်စင်ကြယ်ခြင်းဆေးလုံးကို စတင်ဖော်စပ်နိုင်ပြီဖြစ်သည်။
     အဆင့်ခုနှစ်ဝိညာဉ်စင်ကြယ်ခြင်းဆေးလုံးသည်  ရှုံချွမ်၏ ခန္ဓာကိုယ်ထဲ၌ ကျန်ရှိသောမူလစည်းတံဆိပ်ကပ်ပါးကောင်အဆိပ်ကို လုံး၀ဖယ်ရှားပေးနိုင်စွမ်းရှိပြီး ရှုံချွမ်အား သူ၏ ယခင်စွမ်းအားကို ရရှိစေလိမ့်မည်ဖြစ်သည်။
    ရှုံချွမ် အစွမ်းအပြည့်အဝြပန်လည်ရရှိသွားသည်နှင့် သွမ့်လင်းထျန်အတွက် အကူအညီများစွာ ရလိမ့်မည်ဖြစ်သည်။
      ထို့ကြောင့် သူမူလအူတိုင်အဆင့်ခုနှစ်သို့ ရောက်ရှိကာ အဆင့်ခုနှစ်မှော်ဆေးပညာရှင်ဖြစ်လာပြီးနောက် ဝါးနက်မြို့သို့ လာရောက်ရသည့် အကြောင်းအရင်းဖြစ်သည်။
       အဆင့်ခုနှစ်ဝိညာဉ်စင်ကြယ်ခြင်းဆေးလုံးအတွက် လိုအပ်သော ပစ္စည်းများကိုလည်း သူသည် နီလာကောင်းကင်နိုင်ငံ၌ရှိစဉ်က ကလန်များကို စုဆောင်းခိုင်းထားခဲ့ပြီးသားဖြစ်သည်။
     ထို့ကြောင့် သူ့ထံ၌ ပစ္စည်းအရန်သင့်ရှိပေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now