၉၀၆ - ၉၁၀

176 17 0
                                    


အပိုင်း(၉၀၆)အဆက်မပြတ်တုန်လှုပ်မှုများ

     “ထျန်လေး မင်းသူတို့ကို လွှတ်လို့မရဘူး…မဟုတ်ရင် သူတို့က မိုးပြာ‌ တောအုပ်တြိဂိုဏ်းကို မင်းက ကြယ်ဓားခုနှစ်လက်ဂိုဏ်းရဲ့တပည့်ဆိုတာ အသိပေးလိုက်ရင် မိုးပြာတောအုပ်တြိဂိုဏ်းက ဒီကိစ္စကို လုံး၀ခွင့်လွှတ်မှာမဟုတ်ဘူး"
    နိလုံသည် ပထမဆုံး သတိပြန်၀င်လာသူဖြစ်ပြီး သွမ့်လင်းထျန်ကိုပြောလိုက်သည်။

        သွမ့်လင်းထျန် စကားမပြောရသေးခင်မှာပင် လေထဲတွင် ဒူးထောက်နေသော အဘွားအို၏ မျက်နှာအေးခဲသွားပြီးနောက် နိလုံကို နာကြည်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
     ငါတို့ကို သေစေချင်တောင် ပိုကောင်းတဲ့အ‌ကြောင်းပြချက်တစ်ခုရှာသင့်တယ်မဟုတ်ဘူးလား...
     နိလုံသည်  သွမ့်လင်းထျန်  မိုးပြာတောအုပ်တြိဂိုဏ်းအား ရှင်းခဲ့သည့်ကိစ္စကိုသိထားပြီး ယခုအချိန်၌ သူ့ဇနီးအတွက် လက်စားချေချင်သဖြင့် ဆင်ခြေတစ်ခုသုံးနေသည်ဟု သူတို့ ထင်နေကြသည်။

       “ဒီသက်တန့်ပျံဂိုဏ်းရဲ့ တပည့်တွေကောပဲ…သူတို့ကလည်း မင်းကို ကြယ်ဓားခုနှစ်လက်ဂိုဏ်းရဲ့ တပည့်အနေနဲ့သိတော့ သူတို့ကိုအသက်ရှင်လျက် ထားလို့မရဘူး"
    နိယွမ်သည်  သွမ့်လင်းထျန်ကို လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

    အစောပိုင်းက  သက်တန့်ပျံဂိုဏ်းက တပည့်များ၏ မျက်နှာအမူအရာအပြောင်းအလဲကိုကြည့်၍ သွမ့်လင်းထျန်သည် မိုးပြာတောအုပ်အင်ပါယာနိုင်ငံတွင် ကျော်ကြားပြီး ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် သူတို့ သိကြောင်းကို နားလည်ခဲ့သည်။

    နိယွမ်၏ စကားဆုံးသည်နှင့်…

    သိုင်းပညာလေ့ကျင့်ရေးကွင်းပေါ်မှ သက်တန့်ပျံဂိုဏ်းက တပည့်များ၏ မျက်နှာများ ဖြူဖျော့သွားသည်။ အကယ်၍ သွမ့်လင်းထျန်သာ သူတို့ကိုသတ်ချင်ပါက သူတို့ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

      “ကျွန်မ… မိုးပြာတောအုပ်တြိဂိုဏ်းကို  သွမ့်လင်းထျန်အကြောင်းအသိမပေးပါဘူးလို့ ကိုးကိုးကောင်းကင်ကပ်ဘေးကိုကျိန်ဆိုပါမယ်"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now