အပိုင်း ၂၁ - ၂၅

337 31 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၂၁) ချိုးဖျက်မှု
    
      နဂါးကိုးကောင် စစ်ဘုရင် ကျင့်စဉ်၊ ဝိညာဉ်မြွေပုံစံ...
    
      ထိုညတွင် လူငယ်သည် ဆေးရည်စည်ထဲတွင်ထိုင်ကာ ရတနာခုနှစ်ပါး ခန္ဓာသန့်စင်ဆေးရည်မှ ဆေးစွမ်းအင်များကို စုပ်ယူနေခဲ့သည်။
     ဆေးရည်များကိုစုပ်ယူပြီးသည့်နောက်  သူ၏ အသက်သွေးကြောနှင့် ခန္ဓာကိုယ် ပြောင်းလဲသန့်စင်သွားခဲ့သည်။
    
    သူသည် ဆေးရည်စည်ထဲမှထွက်လာပြီးနောက် အဝတ်အစားများ ပြန်ဝတ်လိုက်သည်။
     
     “မနက်ဖြန် မနက်ဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်လေးကို ချိုးဖျက်နိုင်လိမ့်မယ်၊ ဒါပေမယ့် ငါ လာမယ့် နှစ်လခွဲအတွင်း ဖန်းချန်ကို သတ်နိုင်ဖို့ဆိုရင် အနည်းဆုံး ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် ခုနှစ်ထိ ရောက်ဖို့ လိုအပ်တယ်၊ ကျင့်ကြံမှုမှာကလည်း တစ်ဆင့်ထက်တစ်ဆင့်က ပိုပိုပြီးခက်ခဲလာမှာ၊ ဒီတော့ ငါ နှစ်လခွဲအတွင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် ခုနှစ်ရောက်ဖို့ဆိုရင် ရတနာခုနှစ်ပါး ခန္ဓာသန့်စင်ဆေးရည်ကိုပဲ အားကိုးနေလို့ မရဘူး၊ မနက်ကျရင် ငါ ဈေးထဲ ပစ္စည်းတချို့တလေ သွားဝယ်ရင် ကောင်းမယ်"
     လူငယ်‌၏ မျက်လုံးများ အရောင်တလက်လက်နှင့် တစ်ယောက်တည်း တီးတိုးပြောဆိုလိုက်သည်။

      နောက်တစ်နေ့နံနက် နေမထွက်မီမှာပင် လူငယ်သည် အိပ်ယာမှ နိုးလာခဲ့သည်။ ထို့နောက် စည်ထဲသို့ ရတနာခုနှစ်ပါး ခန္ဓာသန့်စင်ဆေးရည်ကို လောင်းထည့်လိုက်သည်။
     ယမန်နေ့ညကပင် ဆေးရေစည်အတွင်း စိမ်၍ ဆေးရည်အာနိသင်များအားလုံးကို သူ၏ ခန္ဓာကိုယ်မှ စုပ်ယူခဲ့ပြီး ဖြစ်သည်။
    
     လူငယ်သည် နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်၏ ဝိညာဉ်မြွေပုံစံကို ဆေးရည်စည်အတွင်း ထိုင်လျက်  ဆေးရည်များကို လောကြီးစွာ စုပ်ယူရင်းကျင့်ကြံနေသည်။
     အချိန်အတန်ကြာပြီးနောက် နေမင်း၏ တောက်ပသည့် လင်းရောင်ခြည်သည်လည်း မြေပြင်တခွင်လုံးဆီသို့ အလင်းရောင်ကို ဆောင်ကြဉ်းလာခဲ့ပြီ ဖြစ်သည်။  တခဏအကြာ၌ ပြတင်းတံခါးဆီမှ နေရောင်ဖျော့ဖျော့ အလင်းတမော့သည်လည်း လူငယ်လေးပေါ်သို့ နွေးထွေးစွာ လွှမ်းခြုံ၍ ဖြာကျလာခဲ့သည်။
      ထို့နောက် သူသည် မျက်လုံးကို အသာအယာဖွင့်လိုက်သည်။
   
     စွပ်...
  
    လူငယ်သည် မတ်တပ်ထရပ်လိုက်ပြီး အကြောအခြင်များကို ဆန်ထုတ်လိုက်သည့်အချိန်တွင် အရိုးသံများ တရစပ် အတွဲလိုက် ထွက်ပေါ်လာသည်။
     ရုတ်တရက် ဆိုသလိုပင် လူငယ်၏ မျက်နှာထက်၌ အပြုံးတစ်ခုပွင့်ထွက်လာသည်။
    
     “နောက်ဆုံးတော့ ငါချိုးဖျက်နိုင်ခဲ့ပြီ"
    
     သူ၏ လက်ဝါးကိုဖြန့်၍ အပေါ်သို့ဆန့်တန်းလိုက်ပြီး လက်ချောင်းများကို တဖြည်းဖြည်း စုစည်းကာ လက်သီးပြန်ဆုပ်လိုက်သည်။
     သူ၏ ခန္ဓာကိုယ်အတွင်း ပြင်းထန်သည့်စွမ်းအားကို ခံစားမိလိုက်ပြီးနောက် လူငယ်၏ အပြုံးမှာ ပို၍ ပီပြင်လာခဲ့သည်။
    
     “ငါမျှော်‌လင့်ထားတဲ့အတိုင်းပဲ...ပုံမှန်ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်လေးရှိတဲ့သူဆို ပေါင်နှစ်ရာခွန်အားပဲ ပိုင်ဆိုင်ပေမယ့်၊ ငါကတော့ ပေါင်သုံးရာခွန်အားကို ပိုင်ဆိုင်တယ်"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now