၆၂၁ - ၆၂၅

169 16 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၂၁)သူက သွမ့်လင်းထျန်လား

      ထိုအချိန်၌ ဖီးနစ်နဂါးကျောင်း၏ အလုပ်သမားသည် သွမ့်လင်းထျန်အတွက် ဝိုင်ကောင်းများနှင့် စားကောင်းသောက်ဖွယ်များ ပြင်ဆင်ပေးရန်အတွက် အတွင်းခန်းမထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

        ချိုင်ကျင်းကို ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်တစ်၊ ခြေလှမ်း၀က်တိုးမြှင့်မိုးကြိုးအင်အားစုတို့ဖြင့် အနိုင်ယူခဲ့ခြင်းသည် အစောက ဓားသခင်လေး ချိုင်ကျင်းကို အနိုင်ယူခဲ့သော မြင်ကွင်းကို ပြန်မြင်ယောင်စေခဲ့သည်။
     ကျောင်းမှ အလုပ်သမားများ၏ အမြင်အရ ခရမ်းရောင်အ၀တ်အစားနှင့် လူရွယ်၏ စွမ်းအားမှာ ဓားသခင်လေးထက် မနိမ့်ကျပေ။
     ခရမ်းရောင်အ၀တ်အစားနှင့် လူရွယ်သည် သဘာ၀၏ အင်အားစုကို နားလည်ထားသောကြောင့် စွမ်းအားအရ သူသည် ဓားသခင်လေးထက်ပင် သာလွန်နိုင်သည်။
      အဆုံး၌ ဓားသခင်လေး၏ ဓားအင်အားစုမှာလည်း ခြေလှမ်း၀က်တိုးမြှင့်အင်အားစုဖြစ်သည့်တိုင် ၎င်းသည် တိုက်ခိုက်မှုအတွက်သာသုံးနိုင်ခြင်းဖြစ်သည်။
      ဆန့်ကျင်ဘက်အနေဖြင့် ခရမ်းရောင်အ၀တ်အစားနှင့် လူရွယ်၏ မိုးကြိုးအင်အားစုသည် တိုက်ခိုက်မှုနှင့် လှုပ်ရှားမှုပညာရပ်နှစ်ခုလုံးတွင် အသုံးပြုနိုင်သဖြင့် သူသည် အမြန်နှုန်းကော ထိုးစစ်ကော နှစ်ခုလုံး ပိုင်ဆိုင်နိုင်သည်ဟု ဆိုလိုသည်။
      အကယ်၍ တကယ်တိုက်ပွဲဖြစ်မည်ဆိုလျှင် ဓားသခင်လေးအတွက် အနိုင်ရဖို့ အခွင့်အလမ်း သေးငယ်သည်။ အကြောင်းမှာ ဓားသခင်လေး၏ အမြန်နှုန်းသည် ထိုခရမ်းရောင်၀တ်လူရွယ်ထက် နိမ့်ကျသောကြောင့်ဖြစ်သည်။

        ခရမ်းရောင်အ၀တ်အစားနှင့် လူရွယ်သည် အတွင်းခန်းမကျောင်းသားတစ်ယောက်ကို တရား၀င် စိန်မခေါ်သေးသည့်တိုင် သူသည် လိမ်လိမ်မာမာဖြင့် ခရမ်းရောင်အ၀တ်အစားနှင့် လူရွယ်အတွက် ကောင်းမွန်သောဝိုင်များနှင့် ‌အစားအသောက်များပြင်ဆင်ပေးရန် ထွက်သွားခဲ့သည်။
      အကြောင်းမှာ ခရမ်းရောင်အ၀တ်အစားနှင့် လူရွယ် အတွင်းခန်းမ ကျောင်းသားတစ်ယောက်ဖြစ်နိုင်ကြောင်း သံသယရှိစရာ မလိုသောကြောင့်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now