၉၂၁ - ၉၂၅

209 15 0
                                    


အပိုင်း(၉၂၁)ဆင်ခြင်ခြင်း

     ဝှစ်…

    အသူရာမျက်လုံးလင်းယုန်၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး ဖုန်ဝူတောက်သည် မူလစွမ်းအင်များဖြင့် အလွန်ကြီးမားသောဓားအဖြစ်သိပ်သည်းပြီးနောက်  သူတို့ကို သယ်ဆောင်သွားသည့်အရှိန်ထက်ပင် အနည်းငယ်ပိုမြန်သည်။
      စင်စစ်မူ ၎င်းမှာ အသူရာမျက်လုံးလင်းယုန်၏ စွမ်းအားသည် ဖုန်ဝူတောက်ထက် သန်မာသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သည့်အစား ဖုန်ဝူတောက်သည် အလွန်ကြီးမားသော ဓားကို ထိန်းချုပ်ချိန်၌ မူလစွမ်းအင်ပမာဏ သေးသေးလေးကိုသာ အသုံးပြုခဲ့သောကြောင့် အလွန်ကြီးမားသောဓား၏ အမြန်နှုန်းသည် များစွာ လျော့ကျခဲ့ပြီး ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သိုင်းပညာရှင်နှင့်သာ ယှဉ်နိုင်ခဲ့သည်။

         “အကြီးအကဲရဲ့ မူလစွမ်းအင်အတားအဆီးကိုနည်းနည်းလောက်ဖွင့်ပေးလို့ရမလား…ကျုပ် အပြင်ဘက်က လေပြင်းတွေကို နည်းနည်းလောက်ခံစားချင်လို့ပါ"
     သွမ့်လင်းထျန်သည် ဖြည်းလေးစွာလမ်းလျှောက်သွားပြီး အသူရာမျက်လုံးလင်းယုန်၏ လည်ကုပ်ဆီသို့ ရောက်လာကာ ယဉ်ကျေးစွာဖြင့်ပြောလိုက်သည်။

       “ဟင်"
     ဖုန်ထျန်းဝူ အံ့ဩသွားပြီးနောက် စိတ်ပူစွာဖြင့်ပြောလိုက်သည်။
      “အစ်ကိုသွမ့် အကြီးအကဲ့ချင်က အခုအရှိန်ကုန်နဲ့ပျံနေတာ…အပြင်ကလေတွေကလည်း အရမ်းပြင်းတယ်…အစ်ကို့ရဲ့ လက်ရှိသိုင်းအဆင့်နဲ့ ခုခံနိုင်ဖို့ အရမ်းခက်တယ်"

      “အစ်ကိုကြိုးစားကြည့်ချင်တယ်"
      သွမ့်လင်းထျန် ပြုံးလိုက်၏။

     “ချင်…အရှိန်လျှော့ပြီးတော့ သူပြောတဲ့အတိုင်းလုပ်ပေးလိုက်ပါ…ပြီးတော့မှ သင့်တင့်တဲ့အအရှိန်ကို တဖြည်းဖြည်းတိုးတိုးသွားလိုက်ပေါ့"
     ထိုအချိန်၌ ဖုန်ဝူတောက် စကားပြောလိုက်သည်။ သူသည်  သွမ့်လင်းထျန်၏ ရည်ရွယ်ချက်ကိုသိရှိပြီး  သွမ့်လင်းထျန်ကို ကူညီဖို့ ရည်ရွယ်ထားကြောင်းသိသာသည်။

       “ကျေးဇူးတင်ပါတယ် ဦးလေးဖုန်"
     အသူရာမျက်လုံးလင်းယုန်၏ အရှိန်နှေးသွားသည်ကို သတိထားမိပြီးနောက်  သွမ့်လင်းထျန်၏ အကြည့်များ တောက်ပသွားကယ ဖုန်ဝူတောက်ကို ကျေးဇူးတင်စကားပြောလိုက်သည်။
      နောက်ပိုင်း၌ အသူရာမျက်လုံးလင်းယုန်သည် သူ၏ ခေါင်းနောက်က မူလစွမ်းအင် အကာအကွယ်ကို အနည်းငယ်ဟပေးလိုက်ရာ အလွန်ကြီးမားသော ကွက်လပ်တစ်ခုပေါ်လာသည်။ ၎င်းသည်  သွမ့်လင်းထျန်အတွက် သုံးသပ်ဆင်ခြင်ဖို့ လုံလောက်သောနေရာဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now