၇၀၆ - ၇၁၀

153 18 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၀၆)နန်းဆောင်သခင်နှင့် တွေ့ခြင်း

     “ငါ့ရဲ့ စိတ်စွမ်းအားအဆင့်တက်လာပြီးတဲ့နောက်မှာ ငါဖန်တီးတဲ့ ပုံရိပ်ယောင်နယ်မြေက တိုးမြှင့်အင်အားစုကို လျစ်လျူရှုနိုင်စွမ်းရှိတယ်"
      သွမ့်လင်းထျန် သူ့ခြေထောက်ရှေ့မှ အလောင်းအားကြည့်ကာ သူ၏ နှလုံးသားထဲ တွေးတောလိုက်သည်။

      “အခုငါစုလီနဲ့ ရင်ဆိုင်ရရင်တောင် ငါ သု့ရဲ့ တိုးမြှင့်ဓားအင်အားစုကိုမကြောက်တော့ဘူး"
     သွမ့်လင်းထျန် တွေးတောလိုက်ပြီး သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

     နောက်ပိုင်း၌ သွမ့်လင်းထျန်သည် သူ့ကို  ကြောက်ရွံ့စွာဖြင့်ကြည့်နေသည့် ပတ်၀န်းကျင်မှ ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်သိုင်းပညာရှင်များကို ချန်၍ လှည့်ထွက်လာခဲ့သည်။

     “ဒီလူရွယ်က အသက်နှစ်ဆယ့်ငါးနှစ်လောက်ပဲရှိဦးမယ်…သူ့ရဲ့ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတာပဲ"

      “သူ့ရဲ့ ပင်ကိုပါရမီနဲ့ စွမ်းအားအရဆိုရင် သူက ဒက်ခံမင်းဆက်ထဲက ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်"

      ………

     ………

      ပတ်၀န်းကျင်မှ လူများ တီးတိုး ဆွေးနွေးလိုက်သည်။

      သွမ့်လင်းထျန်ရှေ့သို့ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည့်အချိန်မှာပင် သူ တစ်စုံတစ်ခုကို သတိထားမိသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
     အထက်ကောင်းကင်တွင် မည်သူမျှ မရှိကြောင်း သတိထားမိပြီးနောက် သွမ့်လင်းထျန် စိတ်သက်သာရာသက်ပြင်းချ၍ ဆက်လျှောက်သွားသည်။

      သွမ့်လင်းထျန်ထွက်သွားပြီးနောက် အထက်ကောင်းကင်မှ တိမ်စိုင်များနှင့် မြူများထဲတွင် ခပ်ရှည်ရှည်ပုံရိပ်တစ်ခု ပေါ်လာသည်။

     “ဒီကောင်လေးမှာ ဒီလိုထက်သန်တဲ့ပင်ကိုသိစိတ်ရှိတယ်…ငါကိုတောင် သတိထားမိလုနီးပါးပဲ"
     အရပ်ရှည်ရှည်နှင့် ပုံရိပ်မှာ ယခု၌ အံ့အားသင့်သောမျက်နှာဖြင့်ရှိနေသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်နေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now