၈၄၆ - ၈၅၀

171 15 0
                                    


အပိုင်း(၈၄၆)ကျီရှန့်၏ စွမ်းအား
    

    “သွမ့်လင်းထျန်...ဖုန်ယုက ကျီရှန့်ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား"
    စုလီ ရုတ်တရက် မေးလိုက်သည်။

     သွမ့်လင်းထျန်၏ အကြည့်သည် လှောင်အိမ်တိုက်ပွဲ၏ အထက်က လူနှစ်ယောက်အပေါ်သို့ ကျရောက်သွားသည်။
     ထိုအချိန်၌ ဖုန်ယွီသည် လက်တစ်ဖက်ဖြင့် ဓားကိုင်ထားပြီး ရှေးဦးချိုနဂါးအရိပ်နှစ်ဆယ့်ခြောက်ခုနှင့် ရှေးဟောင်အမွေးရှည်အရိပ်သုံးထောင့်ရှစ်ရာသည် သူ့ကို ၀န်းရံနေသည်။
     
    လက်ရှိဖုန်ယုနှင့် နှိုင်းယှဉ်ပါက ကျီရှန့်သည် သာမန်လူတစ်ယောက်ပမာ ရပ်နေသည်။
    ကျီရှန့်ပေါ်တွင် မူလစွမ်းအင် တစ်စွန်းတစ်စမျှ ရှိမနေပေ။

     ကျီရှန့်သည် ဖုန်ယုကို တည်ငြိမ်သောအကြည့်ဖြင့် ကြည့်နေပြီး နောက်ဆုံးတွင် ဖြည်းလေးစွာဖြင့် ပြောလိုက်သည်။
     “မင်းက ရီလူထက် သန်မာတော့ကော ဘာဖြစ်လဲ....ငါ့ မျက်လုံးထဲမှာတော့ မင်းပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် နှစ်ယောက်လုံးက ပုရွက်ဆိတ်တွေပဲ...မင်းတို့ပုရွက်ဆိတ်တွေရဲ့ စွမ်းအားအကြောင်းကို ငါ စိတ်မ၀င်စားဘူး"
     ကျီရှန့်၏ လေသံမှာ အလွန်တည်ငြိမ်သော်လည်း သူ၏ အထင်သေးသောစကားလုံးများက လူများစွာကို ကြောင်အမ်းအမ်းဖြစ်သွားစေသည်။

    “မင်းအခု ဘယ်လိုထင်လဲ"
   သွမ့်လင်းထျန်သည် စုလီ၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ စုလီကိုကြည့်ကာ ပြန်မေးလိုက်သည်။

     “ကြည့်ရတာ သူက မင်းလို မကောင်းဆိုးဝါးနဲ့တူတယ်"
     စုလီသည် ကျီရှန့်၏ စကားလုံးများထဲက ယုံကြည်မှုကို ခံစားနိုင်သောကြောင့် ခေါင်းခါယမ်း၍ ခါးသက်သက်ရယ်လိုက်သည်။

     “ကျီရှန့်က တကယ်ယုံကြည်ချက်ရှိတာပဲ"

     “သူက ဖုန်ယုကို ပုရွက်ဆိတ်လို့ပြောတယ်...သူက တကယ်စွမ်းအားရှိတာလား လှည့်စားနေတာလားဆိုတာ ငါ သိချင်မိတယ်"

     “သူ့ရဲ့အသက်က ဖုန်ယုထက် နည်းနည်းငယ်တယ်ဆိုတာသိသာတယ်...သူလည်း န၀မအဆင့်အနှစ်သာရကို နားလည်ထားတာများလား"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now