၁၃၁ - ၁၃၅

198 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၃၁) စုလေ

     ထိုအချိန်၌ မန်ချွမ်သည် တိုက်ခိုက်ရေးကွင်းပြင်၏ ဘေးတစ်ဖက်တွင်ရှိသော လက်နက်စင်မှ သံတုတ်တစ်ချောင်းကို ယူလိုက်ပြီး ရန်သူတပ်သားတစ်ဆယ်ယောက်ကို တိုက်ခိုက်ရန် အရိပ်တစ်ထောင်တုတ်ကို အသုံးပြုလိုက်သည်။

    ဘန်း…

     တုတ်လွှဲရိုက်သံနှင်အတူ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးတပ်သားတစ်ယောက် လွင့်ထွက်သွားသည်။

      ထိုအချိန်၌ ရုတ်တရက် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

     ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးတပ်သားတစ်ယောက်သည် အရိုက်ခံလိုက်ပြီး မန်ချွမ်၏ သံတုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

    “ငါ့ကို မစိုးရိမ်နဲ့…သူ့ကို သတ်"
    အလွန်ခက်ထန်သော မျက်နှာနှင့် ရန်သူတပ်သား၏ ပါးစပ်မှ သွေးများ စီးကျလာပြီး အံကြိတ်၍ အော်ဟစ်လိုက်သည်။

    အခြားရန်သူတပ်သားရှစ်ယောက်၏ မျက်လုံးထဲတွင် မျက်ရည်များ ဖြစ်ပေါ်လာပြီး မန်ချွမ်ကို အရူးများပမာ ခုန်အုပ်လိုက်ကြသည်။

    “မန်ချွမ်"
   သွမ့်လင်းထျန် မျက်နှာ ပျက်သွားသည်။

   “အား"
   အန္တရာယ်ကို နားလည်သွားသောအခါ မန်ချွမ်သည် အော်ဟစ်လိုက်ပြီး တပ်သားနှင့်အတူ တုတ်အား သူ့ကို ခုန်အုပ်လာသည့် တပ်သားတစ်ယောက်ဆီသို့ လွှဲယမ်းလိုက်သည်။

   ဘန်း…

    အသက်နှစ်သက်သည် တုတ်တစ်ချက်တည်းဖြင့် ပျောက်သွားသည်။

   ထိုမြင်ကွင်းကိုကြည့်ပြီး သွမ့်လင်းထျန် စိတ်သက်သာရာသက်ပြင်းချလိုက်၏။
  အဆုံး၌ မန်ချွမ်သည် ခက်ခက်ခဲခဲဖြင့် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။

   သွမ့်လင်းထျန်သည် မျက်နှာသိပ်မကောင်းသော မန်ချွမ်ကို ကြည့်ကာ မေးလိုက်သည်။
    “အာ…မန်ချွမ် မင်းက စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သွားပြီလေ…မင်းကိုကြည့်ရတာ ဘာလို့ မပျော်တဲ့ပုံပေါက်နေတာလဲ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now