၈၀၁ - ၈၀၅

166 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၈၀၁)ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်ကျွမ်းကျင်သူ၏ သေခြင်း

    “သွမ့်လင်းထျန်…"
      သွမ့်လင်းထျန် ခြေလှမ်းအနည်းငယ်သာလှမ်းရသေးသည့်အချိန်မှာပင် သူ့ကိုခေါ်လိုက်သည့်အသက်ကြီးရင့်‌သောအသံတစ်သံကို ကြားလိုက်ရသည်။

    မကြာခင်၌ သွမ့်လင်းထျန်သည် အဝေးကလျှောက်လှမ်းလာသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်သည်။
      သူ ထိုအဘိုးအိုကိုသိသည်။
     ၎င်းမှာ အမြဲလိုလိုကင်းရုံ၏နောက်တွင်ရှိနေသည့် အဘိုးအိုနှစ်ယောက်ထဲမှတစ်ယောက်ဖြစ်သည်။

     “စီနီယာ"
    သွမ့်လင်းထျန် အဘိုးအိုကိုအသာပြုံးပြလိုက်သည်။

    ယခုအချိန်၌ သူ၏ သိုင်းအဆင့်မှာ အဘိုးအိုထက်မနိမ့်ကျပေ။
     သူ၏ ဝိညာဉ်အတတ်ပညာပုံရိပ်ယောင်တစ်ထောင်ကိုသုံးလျှင် သူသည် အဘိုးအိုကို အလွယ်တကူသတ်နိုင်သည်။
    သို့သော်လည်း သွမ့်လင်းထျန်သည် ၎င်းကြောင့်မည်သည့်ခြားနားမှုမျှ ရှိသည်ဟု မခံစားရပေ။
    သူသည် ယခင်က  သွမ့်လင်းထျန်နှင့် အတူတူသာဖြစ်သည်။
      သူသည် စွမ်းအားကွာခြားချက်အတွက်ကြောင့် ယခင်ကသိဖူးသည့် လူများကို မလေးမစားဆက်ဆံမည်မဟုတ်ပေ။

      အဘိုးအိုပြန်လည်ပြုံးပြလိုက်သည်။
    “သွမ့်လင်းထျန်…သိပ်မကြာခင်က ဖုန်ကလန်က လူတစ်ယောက်က မင်းကိုလာရှာသေးတယ်…သူတို့က မင်းကိုဖုန်ကလန်ကို လိုက်ဖို့လာခေါ်တာ…ဒါဒါပေမဲ့ အဲဒီအချိန်က မင်းက ကျင့်ကြံနေလို့"

      ဖုန်ကလန်…
     သွမ့်လင်းထျန်၏ မျက်ခုံးများပင့်တက်သွားပြီး သူ၏ နှလုံးသားထဲတွေးတောလိုက်သည်။
      “မြို့စားမင်းဖုန်နဲ့ ထျန်းဝူတို့ပြန်ရောက်လာတာလား…သူတို့က ငါ့ကိုလာဖိတ်ခိုင်းလိုက်တာနဲ့တူတယ်"

     သူသည် ဖုန်ကလန်ထဲတွင် တခြားလူ အများကြီးကို မသိပေ။
    ဖုန်ဝူတောက်နှင့် ဖုန်ထျန်းဝူမှတစ်ပါး သူ တခြားသူကို စဉ်းစားလို့မရပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now