၃၈၁ - ၃၈၅

168 16 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၈၁)နောက်တစ်ဆင့်တက်ရောက်ခြင်း

     “ဘယ်လောက်ထူးဆန်းလိုက်တဲ့စွမ်းရည်လဲ"
    ပထမကွင်းပြင်ပေါ်၌ ရပ်နေသော ဟူဒုံသည် ဓားသိမ်းဆည်း၍ ခပ်မတ်မတ်ဖြင့်ရပ်နေသော သွမ့်လင်းထျန်ကိုကြည့်ကာ သူ၏ မျက်နှာပေါ်၌ အံ့ဩတုန်လှုပ်မှုများဖြစ်ပေါ်လာသည်။
      အခြားမူလအူတိုင်အဆင့်ခုနှစ်အပြင်စည်းတပည့်လေးယောက်သည်လည်း ယခု၌ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်သည်။

      “မင်းတို့အားလုံး သူ့ဓားချက်ထဲက တစ်ခုခုသတိထားမိလား"
    မူလအူတိုင်အဆင့်ခုနှစ်တပည့်တစ်ယောက် မနေနိုင်ဘဲ မေးလိုက်သည်။

     ဟူဒုံအပါအ၀င် အခြားသုံးယောက်လုံး ခေါင်းခါယမ်းလိုက်သည်။

   စင်စစ်တွင်မူ သူတို့သာမဟုတ်ဘဲ မက်ဂရက်တောင်၏ အပြင်စည်းအကြီးအကဲဆယ်ယောက်လုံးပင် သွမ့်လင်းထျန်၏ ဓားချက်ထဲမှ ထူးဆန်းသော အရာတစ်ခုခုကို မတွေ့ခဲ့ပေ။

      “ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ စွမ်းရည်လဲ"
     ကျောက်လင်၏ တောက်ပသော မျက်လုံးများသည် သွမ့်လင်းထျန်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ဖြစ်သည်။ အချိန်အတော်ကြာသည်အထိ သူ၏ စိတ်ကို ငြိမ်အောင် သူ မထိန်းချုပ်နိုင်ပေ။

     “သွမ့်လင်းထျန်ရဲ့ ဓားချက်ထဲက ငါဘာမှမမြင်နိုင်ဘူးဆိုပေမဲ့ ဒါ ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ထဲက စွမ်းရည်တစ်ခုဆိုတာ ငါသေချာတယ်…ကြွက်သားမရီးဒန်ပြန်လည်‌ မွေးဖွာခြင်းကျင့်စဉ်…ငါအဲဒါကို ရရမယ်"
     ထိုအချိန်၌ ကျောက်လင်သည် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရသည်။

      “ဟမ်"
     သွမ့်လင်းထျန်သည် ကျောက်လင်၏ အကြည့်ကို ခံစားလိုက်ရပြီးသူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ကာ သူ၏ မျက်လုံးများဖြင့် ကျောက်လင်ကို ကြည့်လိုက်သည်။ သူသည် ကျောက်လင်၏ မျက်လုံးများထဲမှ ရူးသွပ်မှုနှင့် လောဘကိုမြင်တွေ့လိုက်ရသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now