၅၆ - ၆၀

279 22 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၅၆)ချိန်ကိုက်အရိပ်ဓား
     
      သွမ့်လင်းထျန်နှင့် လီကလန်အပြင်စည်းတပည့်များသည် ကလန်သို့ ပြန်လာ းနေကြသည်။

     “သွမ့်လင်းထျန်ကို လင်းချီက ဘာလို့ ရုတ်တရက်ကြီး အရှုံးပေးလိုက်တာလဲ"

    “ဟုတ်တယ်...သူဘာမှ မဖြစ်ဘူးဆိုတာ ငါသတိထားမိတယ်...သူက ဘာလို့ ရုတ်တရက်ကြီး အရှုံးပေးလိုက်တာလဲ"

     “သွမ့်လင်းထျန် မင်းတို့ကြားမှာ ငါတို့ မသိတဲ့ ဇာတ်လမ်းရှိလား"

     ..........

     လီကလန်အပြင်စည်းတပည့်များသည် သွမ့်လင်းထျန်အား ဇဝေဇဝါဖြစ်နေသည့် မျက်နှာထားများဖြင့် ကြည့်နေကြသည်။

     “ဘာဇာတ်လမ်းရှိရမှာလဲ...နင်တို့ အားလုံး သေချာ မမြင်လိုက်ကြဘူးလား...မဟုတ်တရုတ်စကားတွေ ပြောမနေနဲ့"
    လီရှီရှီ၏ မိုးမခသဏ္ဌာန်မျက်ခုံးများ ကျုံ့သွားသည်။

    “အစ်မရှီရှီ...အစ်မအကြောင်းအရင်းကိုသိလား"
    ချက်ချင်းဆိုသလိုပင် လီကလန်အပြင်စည်းတပည့်များအားလုံးသည် သူတို့၏ အကြည့်များကို လီရှီရှီဆီသို့ ပြောင်းလိုက်ကြသည်။

      သွမ့်လင်းထျန်အား ကြည့်ရှုပြီးနောက် သူသည် မည်သို့မျှ မကျေမနပ်မဖြစ်ကြောင်း သတိပြုမိမှသာ လီရှီရှီ ရှင်းပြလိုက်သည်။
     “နင်တို့အားလုံး လင်းချီရဲ့ လည်ပင်းပေါ်က ဓားရာသေးသေးလေးကို သတိမပြုမိကြဘူးလား...သွမ့်လင်းထျန် ကရုဏာပြပြီး သူ့ရဲ့ လည်ပင်းအရေပြားလေးကိုပဲ လှီးလိုက်တာ...တကယ်လို့ နည်းနည်းလေးသာ ပိုနက်သွားမယ်ဆိုရင် သူ သေသွားမှာ သေချာတယ်"

      လီကလန်၏ အပြင်စည်းတပည့်များအားလုံး တစ်ခဏခန့်ကြက်သေ သေသွားကြသည်။ သွမ့်လင်းထျန်သည် ဤမျှကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
     လည်ပင်းကို ဓားတစ်ချက်တည်းဖြင့် လှီးဖြတ်ခြင်း...

    သူတို့ထဲမှ အချို့သည် သွမ့်လင်းထျန် သစ်ရွက်တစ်ဆယ်ရွက်ကျော်အား ပိုင်းဖြတ်ခဲ့သည့် သူ၏ ဓားစွမ်းရည်ကို တွေ့ရှိခဲ့သော်လည်း သွမ့်လင်းထျန်၏ ဓားစွမ်းရည်သည် တိုက်ခိုက်ရာ၌ အလွန်ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now