၅၄၁ - ၅၄၅

161 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၄၁)စိတ်စွမ်းအားတိုက်ခိုက်မှု

    “ရွှေလေး"
    ဖုန်ထျန်းဝူ၏ မျက်နှာဖြူဖျော့သွားပြီးနောက် အဘိုးအိုမတုံ့ပြန်နိုင်သေးခင်မှာပင် သူမ၏ ခန္ဓာကိုယ် ခုန်ထွက်သွားသည်။ သူမသည် မီးလျှံတစ်ခုအဖြစ်ပြောင်းလဲသွားသည့်ပမာ မြူများထဲ တိုး၀င်သွားသည်။

     “ဝူ"

     “သခင်မလေး"

    ဖုန်ဝူတောက်နှင့် အဘိုးအိုတို့၏ မျက်နှာများဖြူဖျော့သွားသည်။ သူတို့သည် ချက်ချင်းပင် တုံ့ဆိုင်းရဲခြင်းမရှိဘဲ  သူမနောက် လိုက်လိုက်သည်။

       ထိုအချိန်၌ မြူများနှင့် အငွေ့များတူတကွပေါင်းစည်းသွားကာ ဝိညာဉ်စင်ကြယ်ခြင်းကန် လုံး၀ပိတ်သွားသည်။
      ၄သည် နောက်သုံးနှစ်နေမှသာ ပြန်ပွင့်လိမ့်မည်ဖြစ်သည်။

     “ရွှေလေးနင်ဘယ်မှာလဲ…ရွှေလေး...ရွှေလေး…"
     ဖုန်ထျန်းဝူသည် လွန်ခဲ့သော သုံးနှစ်က ဤနေရာသို့လာဖူးသောကြောင့် ဝိညာဉ်စင်ကြယ်ခြင်းကန်နှင့် ကျွမ်း၀င်သည်။ သို့သော်လည်း ယခု၌ ဝိညာဉ်စင်ကြယ်ခြင်းကန်၏ အပြင်ဘက်တွင် ရပ်နေရင်း မျက်နှာလွှားဇာအောက်မှ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများပြည့်နှက်နေသည်။

     “ရွှေလေး...ရွှေလေး"
     ရွှေလေး အထဲ၀င်သွားပြီးနောက် သူမ၏ ရှေ့မှ ပျောက်သွားကြောင်း ဖုန်ထျန်းဝူ သတိထားမိသည်။
     ဖုန်ထျန်းဝူ၏ အကြည့်သည် ဝိညာဉ်စင်ကြယ်ခြင်းကန်ပေါ်သို့ ကျရောက်သွားသည်။
     “ရွှေလေးက ဝိညာဉ်စင်ကြယ်ခြင်းကန်ထဲ၀င်သွားတာလား"

     “ငါအစ်ကိုသွမ့်ကို ရွှေလေးကိုဂရုစိုက်မယ်လို့ ကတိပေးခဲ့တာကို"
    ရုတ်တရက် တစ်စုံတစ်ခုအား အမှတ်ရသွားသောအခါ ဖုန်ထျန်းဝူ၏ မျက်လုံးများ မှေးစင်းစွားပြီး ဝိညာဉ်စင်ကြယ်ခြင်းကန်ထဲ ခုန်ဆင်းလိုက်သည်။

     ထိုအချိန်၌ ဖုန်ဝူတောက်နှင့် အဘိုးအိုတို့လည်း ၀င်လာသည်။ သူတို့သည် အစောကမြင်ကွင်းကိုမြင်ခဲ့ရသောကြောင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခါးသက်စွာပြုံးလိုက်သည်။
        သို့သော်လည်း ဝိညာဉ်စင်ကြယ်ခြင်းကန်သည် ကြီးရုံသာကြီးပြီး မည်သည့်အန္တရာယ်မျှမရှိသောကြောင့် သူတို့စိတ်မပူပေ။
      အထူးသဖြင့် အဘိုးအို သူ၏ ကြောက်မက်ဖွယ်ရာစိတ်စွမ်းအားကို ဆန့်ထုတ်လိုက်သည့်အခါ သူသည် ဖုန်ထျန်းဝူရှိသည့်နေရာကို အလွယ်တကူခံစားနိုင်ပြီး ဖုန်ထျန်းဝူ ဘေးကင်းကြောင်း အတည်ပြုနိုင်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now