၇၈၁ - ၇၈၅

168 16 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၈၁)ဖုန်ကလန်

     အဆင့်သုံးဝိညာဉ်လက်နက်လား...
     ၎င်းမှာ ရှန်ရင်၏ စိတ်ကူးအိပ်မက်ထဲက လိုချင်သောအရာဖြစ်သည်။
      အဆင့်လေးလက်နက်ပညာရှင်အနေဖြင့် သူ၏ အကြီးမားဆုံးအိပ်မက်မှာ လက်နက်သန့်စင်ခြင်းတာအိုတွင် နောက်တစ်ဆင့်တက်ပြီး အဆင့်သုံးလက်နက်ပညာရှင်ဖြစ်ဖို့ဖြစ်သည်။
     သို့သော်လည်း ရှန်ရင်သည် ၎င်းကို အမြဲအိပ်မက်မက်နေသည့်တိုင် သူနားလည်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။
      အကြောင်းမှာ သူသည် နောက်ဆုံးထွက်သက်အချိန်ထိ အဆင့်သုံးလက်နက်ပညာရှင်၏ တံခါး၀ကိုမထိနိုင်သောအဆင့်လေးလက်နက်ပညာရှင်များစွာကို မြင်တွေ့ဖူးသောကြောင့်ဖြစ်သည်။
    စင်စစ်မူ ထိုလက်နက်ပညာရှင်များ ထိုကဲ့သို့ဖြစ်ရသည့်အကြောင်းအရင်းမှာ သူတို့သည် အဆင့်သုံးဝိညာဉ်လက်နက်ကို တစ်ခါမျှ မမြင်မထိကိုင်ဖူးသောကြောင့်ဖြစ်သည်။
     ဒက်ခံမင်းဆက်ထဲတွင် အဆင့်သုံးလက်နက်ပညာရှင်တစ်ယောက်ပေါ်ထွန်းခဲ့သည်မှာ နှစ်ထောင်ချီကြာပြီဖြစ်ပြီး ဒက်ခံမင်းဆက်၏ တစ်ခုတည်းသော အဆင့်သုံးဝိညာဉ်လက်နက်ကို အင်ပါယာမိသားစုက ပိုင်ဆိုင်သည်။ သို့သော်လည်း ထိုအဆင့်သုံးဝိညာဉ်လက်နက်ကို ဒက်ခံမင်းဆက်၏ အင်ပါယာမိသားစုက အဖိုးတန်ရတနာအဖြစ်သတ်မှတ်ထားပြီး မည်သူမျှ ငှားလို့မရပေ။
       ရှန်ရင်သည်အဆင့်သုံးဝိညာဉ်လက်နက်ကိုကြည့်ဖို့အတွက် အင်ပါယာမိသားစုနှင့် အကြိမ်တိုင်းညှိုနှိုင်းခဲ့ပြီး ချွင်းချက်မရှိ အငြင်းခံခဲ့ရသည်။
      ထိုအချက်ကိုကြည့်၍ အဆင့်သုံးဝိညာဉ်လက်နက်၏ ရှားပါးအဖိုးတန်မှုကို ပို၍ပင် ထင်ရှားပေါ်လွင်သည်။
     ယခုအချိန်၌ သူ့ထံတွင် အဆင့်သုံးဝိညာဉ်လက်နက်ဓား ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးရှိကြောင်းကြားချိန်၌ ရှန်ရင် လုံး၀တည်တည်ငြိမ်ငြိမ်ရှိမနေနိုင်‌တော့ပေ။

      “ညီလေးလင်းထျန်…အစ်ကိုအခုပဲ အစ်ကို့ရဲ့ လက်အောက်ငယ်သားတွေကို သွားညွှန်ကြားလိုက်‌တော့မယ်"
      သွမ့်လင်းထျန်၏ အနည်းငယ်အံ့အားသင့်ဿာ အကြည့်အောက်၌ ရှန်ရင်သည် လေပြင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည့်ပမယ ချက်ချင်းပင် သွမ့်လင်းထျန်၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now