971 - 975

171 11 2
                                    


အပိုင်း(၉၇၁)စိတ်ကူးယဉ်ဆန္ဒ

     သွမ့်လင်းထျန် ဒက်ခံမင်းဆက်ဧကရာဇ်၏ ခံစားချက်များကို နားလည်နိုင်သည်။

      ဧကရာဇ်၏ အထူးချွန်ဆုံးသားနှင့် သူ့သားထက်ပင် ပိုထူးချွန်သောတူ သည် အိမ်နှင့်အဝေးတွင် ဤကဲ့သို့ သေသွားခဲ့သည်။ ၎င်းမှာ တကယ်ကို လက်ခံဖို့ ခက်ခဲသောအရာတစ်ခုဖြစ်သည်။
   
       “ဟမ်"
     မကြာခင်၌ ဒက်ခံမင်းဆက်၏ ဧကရာဇ်သည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် သူ၏ မျက်နှာသည် ပုံမှန်ပြန်ဖြစ်သွားကာ  သွမ့်လင်းထျန်ကို ကြည့်၍ ပြုံးပြလိုက်ကြောင်း  သွမ့်လင်းထျန် သတိပြုမိလိုက်သည်။

       “သွမ့်လင်းထျန် ဂုဏ်ယူပါတယ်"
    အချိန်ကိုက်ပင်  သွမ့်လင်းထျန်၏ နားထဲ ဧကရာဇ်၏ ဂုဏ်ယူမှုများ ပြည့်နှက်နေသောအသံပို့လွှတ်ချက်တစ်ခုဝင်လာရာ သွမ့်လင်းထျန်၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်အေးစက်သွားသည်။

       မင်းဧကရာဇ်များသည် အကြင်နာမဲ့သည်ဟု ပြောကြပြီး ယနေ့တွင် သူသည် ၎င်းကို လုံး၀နားလည်သွားပြီဖြစ်သည်။

       “သူ့ရဲ့မျက်လုံးထဲမှာ သူ့ရဲ့ သားသေသွားရင် သူနောက်တစ်ယောက်ထပ်မွေးလို့ရတယ်…သူ့ရဲ့ တူဆိုလို့ကတော့ ပိုတောင်ဆိုးသေး…သူ့အတွက် ဒက်ခံမင်းဆက်ရဲ့ အကျိုးအမြတ်က အရေးကြီးဆုံးပဲ"
       သွမ့်လင်းထျန် တစ်ကိုယ်တည်း တွေးလိုက်သည်။
    ရွေးချယ်မှု၏ ပထမအဆင့်၌ အသက်ရှင်ခဲ့သော လူငါးဆယ်ထဲ၌ ဒက်ခံမင်းဆက်ဘက်တွင် ခြောက်ယောက်ရှိရာ သူတို့သည် မင်းဆက်ဆယ်ခု၏ ရှေ့တွင် အခိုင်အမာ အဆင့်သတ်မှတ်နေသည်။
      
     ဝှစ်…ဝှစ်…

     မကြာခင်၌  သွမ့်လင်းထျန်နှင့် ကျန်းရှောက်ရုံသည် ဖုန်ဝူတောက်၊ ဓားဆယ့်သုံးနှင့် ဆေဘာငါးတို့ဆီ ပြန်လာခဲ့သည်။ ဖုန်ထျန်းဝူ၊ စုလီနှင့် လုံယွင်တို့ ထိုနေရာတွင် ရပ်နေသည်မှာ ကြာပြီဖြစ်သည်။

       “အစ်ကိုသွမ့်…အစ်ကိုကျန်း…"
      ဖုန်ထျန်းဝူသည် ပုံရိပ်ယောင် ကြေးချွတ်သန့်စင်နယ်‌မြေထဲက ထွက်လာကာ ဖုန်ဝူတောက်၏ ဘေးသို့ပြန်ရောက်လာ၍ သွမ့်လင်းထျန်ကို အလောတကြီးရှာဖွေခဲ့ပြီး သွမ့်လင်းထျန် မထိမခိုက်ဘဲ ရှိနေခြင်းကိုမြင်မှသာ သူမ စိတ်ချမ်းသာသွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now