၅၁၆ - ၅၂၀

158 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၁၆)သွမ့်လင်းထျန်လှုပ်ရှားခြင်း…

     
      ဝှစ်…

       ပြေးလာသော ဓားပြအနည်းငယ်ထဲ၌ မီးခိုးရောင်အ၀တ်အစားနှင့် ဓားပြသည် အခြေတည်ဝိညာဉ်အဆင့်ခြောက်ဖြစ်သောကြောင့် အမြန်ဆုံးဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း သွမ့်လင်းထျန်၏ အနီးသို့ရောက်လာသည်။
      သွမ့်လင်းထျန်၏ အသက်ကိုမြင်ချိန်၌ မီးခိုးရောင်အ၀တ်အစားနှင့်ဓားပြ သွမ့်လင်းထျန်ကို ပေါ့ပေါ့တန်တန် သဘောထားလိုက်သည်။

     ဝုန်း…

     တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲမှ ဆေဘာ လက်ခနဲဖြစ်သွားပြီး သွမ့်လင်းထျန်ကို တစ်ချက်တည်းဖြင့် သတ်ချင်သကဲ့သို့ သွမ့်လင်းထျန်၏ လည်ပင်းဆီသို့ တိုး၀င်လာသည်။

       “ကျုပ်ကိုဒီလောက်ထိ လျှော့တွက်နေတာလား"
     မီးခိုးရောင်အ၀တ်အစားနှင့်ဓားပြ ကျောက်လေကိုသာ ကြည့်နေပြီး သူ့ကိုဓားတစ်ချက်ပိုင်း၍ ဖြတ်ကျော်သွားကြောင်းကို မြင်ချိန်၌သွမ့်လင်းထျန်၏ မျက်နှာထက်၌ ချက်ချင်းပင် လှောင်ပြုံးတစ်ခုထွက်ပေါ်လာသည်။

    ဝုန်း…

    ချက်ချင်းပင် မီးခိုးရောင်အ၀တ်အစားနှင့်ဓားပြ၏ ဆေဘာသည် အလွန်လျင်မြန်စွာဖြင့် သွမ့်လင်းထျန်၏လည်ပင်းဆီသို့ တိုး၀င်လာသည်။

     ထိုပိုင်းချက်သည် ပုံမှန်အခြေတည်ဝိညာဉ်အဆင့်လေးသိုင်းပညာရှင်ကိုသတ်နိုင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း သွမ့်လင်းထျန်သည် ပုံမှန်အခြေတည်ဝိညာဉ်အဆင့်လေးမဟုတ်ပေ။
      မကြာခင်၌ သူ၏ လည်ပင်းဆီသို့ လေပြင်းတစ်ခုရိုက်ခတ်သွားရာ လေအရှိန်ကြောင့် သူ နာကျင်မှုခံစားလိုက်ရသည်။
     ချက်ချင်းပင် သွမ့်လင်းထျန်၏ မျက်လုံးများ အေးစက်သွားသည်။

      “ခင်ဗျားသေချင်နေတာပဲ"
     ထိုအချိန်၌ သွမ့်လင်းထျန် လှုပ်ရှားလိုက်သည်။
     သူ၏ ခြေထောက်အောက်မှ မူလစွမ်းအင်များ လူးလွန့်လာပြီး လေအင်အားစု ထွက်ပေါ်လာသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now