၉၁ - ၉၅

220 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၉၁)သွမ့်လင်းထျန်၏ ဝင်ရောက်လာမှု

      “မင်း"
      လီချင်းသည် အဆင့်ကိုးရွှေဒဏ်ရာပျောက်ဆေး အကူအညီဖြင့် အနည်းငယ်သက်သာလာသည်။

     မန်ချွမ်၏ စကားကိုကြားသောအခါ ဒေါသကြောင့် သူ သတိလစ်လုနီးပါးပင်ဖြစ်သွားသည်။

     “မန်ချွမ်ရဲ့ အစွမ်းထက်ဆုံးတိုက်ခိုက်မှုက အနက်ရောင်အလယ်အလတ်အဆင့်သိုင်းပညာ နွားသိုးဖျက်ဆီးခြင်းလက်သီးမဟုတ်ဘဲ အနက်ရောင်အဆင့်မြင့်သိုင်းပညာ အရိပ်တစ်ထောင်တုတ်ဖြစ်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး...သူ့ရဲ့ အရိပ်တစ်ထောင်တုတ်ကလည်း ကျွမ်းကျင်အဆင့်ကို ရောက်နေပုံရတယ်"
      
     “ငါတို့ အရုဏ်ဦးမြို့မှာ လီကလန်ကပဲ အရိပ်တစ်ထောင်သိုတုတ်သိုင်းပညာကို ပိုင်ဆိုင်တာမလား...သူက လီကလန်နဲ့ ဆက်နွှယ်မှုတစ်ခုခုရှိတာလား"

      “သူက လီချင်းကို ပိုးစိုးပက်စက်ဆုံးမခဲ့တယ်...သူက လီကလန်နဲ့ ပတ်သက်ဆက်နွှယ်မှုတစ်ခုခုရှိတယ်လို့ မင်းတကယ်ထင်နေတာလား"

     “ငါအဲဒါကို မေ့သွားတယ်...ကျေနပ်စရာပဲ...အစောပိုင်းတုန်းက ဒီလီချင်းက ငါတို့ကို ဆင်းရဲသားတွေလို့ပြောခဲ့တယ်...ဒါပေမဲ့ အခုတော့ သူက ဆင်းရဲသားထက်တောင် ပိုဆိုးနေပြီ"

      “ဟား...ဟား..."

    ကလန်ငယ်များမှ ဂျီးနီးယပ်များသည် လီချင်းကို ကြည့်နေကြပြီး သူတို့၏ မျက်နှာထက်၌ ဂုဏ်ယူမှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေကြသည်။

     လီချင်း၏ မျက်နှာ ပို၍ပင် အကျည်းတန်လာသည်။

     လီချင်းသည် မန်ချွမ်ကို ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
      “မန်ချွမ် ဘဝင်လေဟပ်မနေနဲ့...ခုနက ငါဂရုမစိုက်လိုက်လို့ပဲ...မဟုတ်ရင် မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

    သူ၏ တိုက်ခိုက်ရေးသိုင်းပညာနှင့် လှုပ်ရှားမှုပညာရပ်သည် မန်ချွမ်နှင့် တစ်တန်းတည်းပင် ဖြစ်သည်။
    သူရှုံးခဲ့ရသည့် အကြောင်းအရင်းမှာ သူသည် မန်ချွမ်ကို အထင်သေးခဲ့သောကြောင့်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now