၆၈၆ - ၆၉၀

147 14 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၈၆)ဓားသခင်လေး၏ အခြေအနေ
     
     ဒုတိယအကျော့ အဆုံးသတ်သွားသည်။
     တတိယအကျော့ ရောက်လာသည်။

     နံပါတ်တစ်ကတ်ပြားပိုင်ရှင် ချန်ရှောက်ရွှိုက်သည် ကျန်းရန်ကို အနိုင်ရကာ လောကျန့်ကို ရှုံးနိမ့်ခဲ့ပြီး လုံယွင်နှင့် စုလီကို အရှုံးပေးခဲ့သည်။
     ယခု၌ သူ သွမ့်လင်းထျန်ကိုသာ စိန်ခေါ်နိုင်သည်။

     “သွမ့်လင်းထျန်"
     ချန်ရှောက်ရွှိုက် သွမ့်လင်းထျန်ကို ကြည့်ပြီးနောက် ချီမင်ကို ကြည့်လိုက်သည်။
     “ဒုဌာနမှူးချီ...ကျုပ်က သွမ့်လင်းထျန်ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး...ကျုပ် အရှုံးပေးပါတယ်"

     ချီမင် ခေါင်းညိတ်ပြီးနောက် ကြေညာလိုက်သည်။
     “နံပါတ်တစ်ကတ်ပြားပိုင်ရှင် ချန်ရှောက်ရွှိုက် တစ်နေရာရသွားပြီ"

    ယနေ့ ပါရမီရှင်ပြိုင်ပွဲသည် အဓိကအားဖြင့် သူတို့ ခြောက်ယောက်ထဲမှ ငါးယောက်ကို ဆုံးဖြတ်ရန်ဖြစ်သည်။
    စည်းမျဉ်းအရ သူတို့ တိုက်ပွဲတစ်ပွဲ နိုင်သ၍ နေရာငါးခုထဲမှ တစ်နေရာရမည်။
     ချန်ရှောက်ရွှိုက်သည် ကျန်းရန်ကို အနိုင်ရခဲ့သောကြောင့် အောင်ပွဲဆင်နိုင်ခဲ့သည်။
    
     “နံပါတ်နှစ်"
      နောက်ပိုင်း၌ ချီမင်၏ အကြည့် ကျန်းရန်အပေါ်သို့ သက်ဆင်းသွားသည်။ ကျန်းရန်သည် လုံယွင်နှင့် စုလီကိုသာ ရွေးချယ်နိုင်သည်။
      သူ လုံယွင်ကို ရွေးချယ်ပြီးနောက် အရှုံးပေးလိုက်သည်။
      ထို့နောက် နံပါတ်သုံးကတ်ပြားပိုင်ရှင် သွမ့်လင်းထျန်၏ အလှည့်ရောက်လာသည်။
      
      သွမ့်လင်းထျန်၏ လက်ရှိတိုက်ပွဲရလဒ်မှာ...

      ဓားသခင်လေးအရှုံးပေးခဲ့သည်။
      အရူးသခင်လေး အရှုံးပေးခဲ့သည်။
      မီးလျှံသခင်လေးကို အနိုင်ယူခဲ့သည်။
      ဆေဘာသခင်လေးကို အနိုင်ယူခဲ့သည်။

      ထို့ကြောင့် သွမ့်လင်းထျန်တွင် ရွေးချယ်စရာတစ်ခုသာရှိသည်။
      စုလီ....

      ဝှစ်....

      သွမ့်လင်းထျန် စကားမပြောရသေးခင်မှာပင် စုလီ ရှေ့ထွက်လာသည်။
      
       သူ၏ အကြည့်သွမ့်လင်းထျန်အပေါ်သို့ ကျရောက်လာပြီး သူ၏ နှုတ်ခမ်းများ ရှားပါးသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
      “သွမ့်လင်းထျန်...ငါ ဒီနေ့ မင်းနဲ့ ကောင်းကောင်းတိုက်ချင်တယ်"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now