အပိုင်း ၁၁ - ၁၅

471 35 0
                                    


အပိုင်း(၁၁) လောင်းစားခြင်း

     တစ်လဟူသော အချိန်ကာလသည် လျှင်မြန်စွာပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
     ယနေ့သည် သွမ့်လင်းထျန်နှင့် လီကျယ်တို့ ယှဉ်ပြိုင်တိုက်ခိုက်ကြမည့် နေ့ပင်ဖြစ်သည်။
    
     သန့်ရှင်းသပ်ရပ်သော အခန်းငယ်တစ်ခုအတွင်းသို့ မိုးသောက်ရောင်ခြည် ဖြာဝင်လာခဲ့ပြီဖြစ်သည်။
       သွမ့်လင်းထျန် မတ်တပ်ထရပ်လိုက်ပြီး ဆေးရေစည်ထဲမှ ထွက်လိုက်သည်။

      သူသည် ရတနာခုနှစ်ပါးခန္ဓာသန့်စင်ဆေးရည် နောက်ဆုံးလက်ကျန်ကို အပြီးသတ် အသုံးပြုပြီးသွားပြီဖြစ်သည်။
      သူ၏ ခန္ဓာကိုယ်သည် ထုံဆင်း၍ အနည်းငယ်မျှ လှုပ်ခါသွားကာ အားအင်တချို့စီးဆင်းသွားသည်ကို ခံစားမိလိုက်သည်။ သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

     ဒီတစ်လလုံး ကြိုးစားခဲ့တာတွေ အလကား မဖြစ်ခဲ့ဘူးပဲ...

     တစ်လကြာမျှ ပြင်းပြင်းထန်ထန် ကျင့်ကြံကြိုးစားခဲ့ရသည့်အတွက် သွမ့်လင်းထျန်၏ မျက်နှာအရောင်အဆင်းမှာ အနည်းငယ် ဖျော့လျော့နေသည်။
     သွမ့်လင်းထျန်သည် ကျင့်ကြံခြင်းကို အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့သည့်အတွက် သူ၏ ခန္ဓာကိုယ်မှာ အတော်အတန်ကြံ့ခိုင်လာပြီ ဖြစ်သည်။
     ခရမ်းပုပ်ရောင် ဝတ်ရုံနှင့် အံကိုက်ဖြစ်နေခြင်းသည် သူ၏ ခန္ဓာကိုယ် တိုးတက်လာခြင်းကို ပြသနေခြင်းပင် ဖြစ်သည်။
   
    လွန်ခဲ့သော တစ်လခန့်က သူ၏ ချူချာလှသော ခန္ဓာကိုယ်နှင့် နှိုင်းဆပါက ယခုလက်ရှိ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ပြည့်စုံ လုံလောက်လာပြီ ဖြစ်ကာ သိုင်းပညာရှင်တစ်ယောက် ပီပြင်စွာဖြစ်လာခဲ့ပြီ ဖြစ်သည်။ ယခု သူ၏ ပုံစံမှာ တစ်ခြားလူတစ်ယောက်အလား ကွဲပြားခြားနားလာခဲ့သည်။
     
      ထို့နောက်  တံခါးခေါက်သံတိုးတိုးကို ကြားလိုက်ရသည်။
    
     “လူငယ်မာစတာ၊ ရှင်နိုးပြီလား"
     ထိုအသံ‌သည် တေးသီငှက်လေး ကြူးရင့်သံအလား သွမ့်လင်းထျန်၏  နှလုံးသားကို အေးချမ်းသွားစေသည်။
    သွမ့်လင်းထျန်သည် အဝတ်အစားများကို အသေအချာ ဆင်ယင်လိုက်ပြီးနောက် တံခါးဆီသို့ ဦးတည်လာခဲ့သည်။ ထို့နောက် လက်ဖြင့် အသာတွန်း၍ တံခါးကို ဖွင့်လိုက်သည်။
      တံခါးဖွင့်လိုက်သည်နှင့် နူးညံ့နွေးထွေးသော  နေရောင်ခြည်သည် အခန်းတွင်းသို့ ဖြာဝင် စီးဆင်းလာပြီး သွမ့်လင်းထျန်၏ ကိုယ်ပေါ်သို့ ယုယစွာ လွှမ်းခြုံသွားသည်။
    
   အပြင်ဘက်တွင် လှပတင့်တယ်သော မိန်းကလေးသည် သွမ့်လင်းထျန်ကို စူးရှသည့်အကြည့်ဖြင့် ကြည့်နေလေသည်။ အကြည့်ချင်းဆုံမိသွားသောအခါ သူ၏မျက်နှာလေးမှာ နှင်းဆီရောင်သန်း နီမြန်းသွားပြီး ချက်ချင်း ခေါင်းငုံ့၍သွားသည်။
     မိန်းကလေးသည် သူ၏ ဖွံ့ထွားသော ခန္ဓာကိုယ်ကို ဖော်ကြူးပြနေစေသော အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
     ပန်းငုံဖူးလေး၏ နုပျိုလှပသော စွဲမက်စရာအလှမှ လွတ်မြောက်ဖို့ရာ အတော်ကို ခဲယဉ်းလှပေမည်။
     လက်တစ်ပိုက်စာမျှသာရှိသည့် သေးသွယ်သော ခါးသိမ်လေး၌ ချည်နှောင်ထားသည့် အပြာရောင် ခါးချည်ကြိုးသည်လည်း လေနှင့်တစ်သားတည်း လွင့်ပါးလျက်ပင်...
     အပြင်ဘက်မှ မိန်းကလေးကို အချိန်ခဏအကြာမျှ မိန်းမောစွာဖြင့် သွမ့်လင်းထျန် ငေးကြည့်နေမိသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now