၆၈၁ - ၆၈၅

144 13 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၈၁)ဆေးပစ္စည်းနှစ်မျိုး

       ကျန်းရန်၏ ညာဘက်လက်ပေါ်၌ ဝိညာဉ်လက်နက် လက်အိတ်တစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ  နဂိုရှိနေသော ရှေးဟောင်းအမွေးရှည်ဆင်အရိပ်ခြောက်ထောင်၏ ‌ ဘေး၌ နောက်ထပ်ရှေးဟောင်းအမွေးရှည်ဆင်အရိပ်နှစ်ထောင့်နှစ်ရာထွက်ပေါ်လာသည်။

    ရွှစ်…

    ချက်ချင်းပင် ကျန်းရန် လက်ညှိုးထိုးလိုက်ရာ မူလစွမ်းအင်လက်ချောင်းတစ်ချောင်း သိပ်သည်းလာသည်။
    ကျယ်လောင်သော လေအူသံတစ်သံ ထွက်ပေါ်လာသည်။
      မူလစွမ်းအင်လက်ချောင်းထဲ၌ ထူးဆန်းသော အော်ရာဖျော့ဖျော့တစ်ခု ပါ၀င်သည်။ ၎င်းမှာ အခြေခံအင်အားစု၏ အော်ရာဖြစ်သည်။
      ထိုစဉ်၌ ကျန်းရန်၏ အထက်တွင် နောက်ထပ်ရှေးဟောင်းအမွေးရှည်ဆင်အရိပ်နှစ်ရာ ထွက်ပေါ်လာသည်။ ထိုလက်ချောင်းထဲ၌ ရှေးဟောင်းအမွေးရှည်ဆင်ရှစ်ထောင့်လေးရာ၏ ခွန်အားပါသည်။

    ဘန်း…

    ကျန်းရန်၏ လက်ချောင်းသည် ချက်ချင်းပင် ချန်ရှောက်ရွှိုက်၏ လက်ထဲမှ ဓားနှင့် တွေ့ဆုံသွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအင်တစ်ခု ဝိညာဉ်လက်နက်ဓားထဲ ၀င်သွားသည်။

    ချက်ချင်းပင် ချန်ရှောက်ရွှိုက်၏ ဓားကိုင်ထားသောလက် တုန်သွားကာ လက်ဖဝါးကွဲသွားပြီး ‌သွေးများစီးကျလာသည်။

     သူသည် ခြေလှမ်းဝက်တိုးမြှင့်အင်အားစုကို နားလည်ထားသည့်တိုင် သူသည် အဆုံး၌ သူ၏ လက်ထဲက ဓားသည် အဆင့်ခြောက်ဝိညာဉ်လက်နက်သာဖြစ်သည်။  ကျန်းရန်၏ လက်ထဲမှ အဆင့်ငါးဝိညာဉ်လက်နက်နှင့် နှိုင်းယှဉ်ပါက တိုးမြှင့်မှုမှာ တစ်ဆယ်ရာခိုင်နှုန်း နိမ့်ကျသည်။

       ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးသိုင်းပညာရှင်တစ်ယောက်အစွမ်းကုန်ထုတ်ပါက ရှေးဟောင်းအမွေးရှည်ဆင်ခြောက်ထောင်၏ ခွန်အားနှင့် နှိုင်းယှဉ်နိုင်ပြီး စွမ်းအားတစ်ဆယ်ရာခိုင်နှုန်းတိုးမြှင့်မှုသည် ရှေးဟောင်းအမွေးရှည်ဆင်ခြောက်ရာနှင့် ညီမျှသည်။
     အဆင့်ငါးဝိညာဉ်လက်နက်နှင့် အခြေခံအင်အားစုကို သုံးခဲ့သော မီးလျှံသခင်လေး၏ စွမ်းအားသည် ဓားသခင်လေးထက် များစွာသာလွန်သည်။
     သို့သော်လည်း ထိုအရာအားလုံးမှာ ကျန်းရန် ဝိညာဉ်လက်နက်အရ အားသာချက်ရှိသောကြောင့်ဖြစ်သည်။ 
     မဟုတ်ပါက ဓားသခင်လေးရှုံးလိမ့်မည်မဟုတ်ပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now