၈၁၁ - ၈၁၅

192 19 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၈၁၁)ဖုန်ယွင်ဖေး

    လူများစွာ၏ အကြည့်များစွာနှင့် ရင်ဆိုင်ရချိန်တွင် ဖုန်ထျန်းဝူ၏ မျက်နှာမှာ မပြောင်းမလဲဖြင့် ရှိနေပြီး သွမ့်လင်းထျန်နှင့် ရွှင်မြူးစွာစကားပြောနေသေးသည်။

       “ဒီခရမ်းရောင်၀တ်စုံနဲ့ကောင်လေးက ဘယ်သူလဲဟ"

       “ငါသူ့ကို အရင်ကမြင်ဖူးတယ်…သူက လွန်ခဲ့တဲ့ ကိုးရက်တုန်းက ဖုန်ဟောင်နဲ့ ရီရှန်ကို ၀က်ခေါင်းတွေဖြစ်သွားအောင် ရိုက်ခဲ့တဲ့သူပဲ…အဲဒါပြီးတဲ့နောက် သခင်မလေးထျန်းဝူက ဖုန်ဟောင်ကို သတ်ပစ်လိုက်တာ"

      “ကြည့်ရတာ သူ့ရဲ့ စွမ်းအားက အားမနည်းတဲ့ပုံပဲ"

     ………

     တစ်ချိန်တည်းမှာပင် ဖုန်ကလန်၏ တပည့်များသည် သက်၀င်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြပြီး အမျိုးသားများစွာသည် သွမ့်လင်းထျန်ကို အားကျစွာဖြင့် ကြည့်လိုက်ကြသည်။
     သူတို့လည်း သခင်မလေးထျန်းဝူနှင့် ရွှင်မြူးစွာစကားပြောချင်ကြသည်။

     ထိုအချိန်၌ သူတို့သည် သွမ့်လင်းထျန်နှင့် နေရာကို အစား၀င်ချင်ရုံမှတစ်ပါး တခြားဘာကိုမှ‌ေ မလိုချင်ပေ။

      “ထျန်းဝူ…ကြည့်ရတာ ညီမရဲ့ဆွဲဆောင်မှုက အရမ်းကြီးတာပဲ"
     သွမ့်လင်းထျန် ပြုံးလိုက်၏။

     “အစ်ကိုသွမ့်....ညီမကို လာနောက်မနေနဲ့"
    ဖုန်ထျန်းဝူ၏ မျက်နှာမှာ ပန်းဆီရောင်သန်းသွားပြီး သွမ့်လင်းထျန်ကိုကြည့်လိုက်သည်။

      သူတို့ရှေ့က အနီရောင်အ၀တ်အစားနှင့် မိန်းကလေးသည် ကောင်းကင်က နတ်သက်ကြွေလာသည့် နတ်သမီးလေးအလား ခံစားလိုက်ရပြီး ဖုန်ကလန်၏ တပည့်များစွာကို မိန်းမောသွားစေသည်။

      “မင်းကဖုန်ထျန်းဝူလား"
     ရုတ်တရက် အဝေးက အနည်းငယ် မနုမရင့် အသံတစ်သံထွက်ပေါ်လာသည်။

     ထိုအချိန်၌ သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူတို့၏ ခြေလှမ်းများရပ်တန့်သွားပြီးနောက် အသံ၏ အရင်းအမြစ်ကိုကြည့်လိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now