၈၇၆ - ၈၈၀

162 16 0
                                    

အပိုင်း(၈၇၆)ဒက်ခံမင်းဆက်သိုင်းပြိုင်ပွဲ၏ ပထမ

      
     “ဟန့်…တကယ်လို့ မင်းအနာဂတ်မှာ နတ်ဆိုးကျင့်စဉ်ကိုကျင့်ကြံပြီးတဲ့နောက်မှာ သူ့ရဲ့ နတ်ဆိုးကျောက်ပြားနဲ့ ဖမ်းဆီးခံချင်တယ်ဆိုရင်တော့ မင်းလက်လျှော့လိုက်တော့"
     အကြီးအကဲတစ္ဆေ၏ ချောက်ချားဖွယ်ရာ အသက်ကြီးရင့်သောအသံသည် ရုတ်တရက် ပေါ်လာသည်။ ကျီရှန့်၏ မျက်နှာပို၍ပင် အကျည်းတန်လို့သွားသည်။

      “ကျုပ် လက်လျော့မယ်လို့မပြောပါဘူး"
    ကျီရှန့် အသံတိုးတိုးဖြင့်ပြောလိုက်သည်။

     “ဒါအကောင်းဆုံးပဲ…ဒါ့အပြင် မင်းနဲ့သူရဲ့ တိုက်ပွဲတွေမှာ ငါအရင်တုန်းကလို  ၀င်ပါပေးလို့ရမှာမဟုတ်တော့ဘူး…သူ့ရဲ့ လက်ထဲက မပြည့်စုံတဲ့ နတ်ဆိုးကျောက်ပြားက ငါ့ကိုတန်ပြန်ပြီး ဖိနှိပ်နိုင်တယ်"
     အကြီးအကဲတစ္ဆေ ဆက်ပြောလိုက်သည်။
     “ဒါကြောင့်မလို့ မင်းသူ့ဆီက နတ်ဆိုးကျောက်ပြားကို သိမ်းယူဖို့ဆို မင်းကိုယ့်ဘာကိုယ်ပဲ အားကိုးလို့ရမယ်…ဒါပေမဲ့ ငါတိုက်ရိုက်၀င်ပါလို့မရဘူးဆိုပေမဲ့ မင်းရဲ့စွမ်းအား အလျင်အမြန်တိုးတက်‌လာအောင်တော့အကောင်းဆုံးကူညီပေးမှာပါ…တခြားဘာအတွက်မှ မဟုတ်ဘူး…သူ့ကိုသတ်ပြီး သူ့ဆီက မပြည့်စုံတဲ့နတ်ဆိုးကျောက်ပြားကိုယူဖို့သက်သက်ပဲ"

     “ကျေးဇူးတင်ပါတယ်…အကြီးအကဲတစ္ဆေ…ကျုပ်အကောင်းဆုံးကြိုးစားမှာပါ"
     ကျီရှန့် အသက်ပြင်းပြင်းရှိုက်ကာ သဘောတူလိုက်သည်။

     “အကောင်းဆုံးကြိုးစားရမှာမဟုတ်ဘူး…မင်းသူ့ကိုသတ်ကိုသတ်ရမှာ…မင်းနတ်ဆိုးလမ်းစဉ်ကျင့်စဥ်ကို မကျင့်ကြံခင် အဲဒီနတ်ဆိုးကျောက်ပြားကျိုးအပိုင်းကို မင်းကိုသခင်အဖြစ်အသိအမှတ်ပြုနိုင်တာနဲ့ နတ်ဆိုးကျောက်ပြားထဲမှာ ချိတ်ပိတ်ထားတဲ့ မရေမတွက်နိုင်တဲ့ နတ်ဆိုးလမ်းစဉ်လျှောက်ကျင့်ကြံသူတွေရဲ့စွမ်းအင်တွေကိုအားကိုးပြီးတော့ မင်းရဲ့စွမ်းအားက တဟုန်ထိုးတိုးသွားလိမ့်မယ်…မင်းအတွက် နတ်ဆိုးလမ်းစဉ် လျှောက်ကျင့်ကြံသူအားလုံးရဲ့ ခေါင်းဆောင်တောင်မဖြစ်နိုင်တာမဟုတ်ဘူး"
      တစ္ဆေမီးလျှံ ကျီရှန့်ကို ဆက်လက်သွေးဆောင်လိုက်သည်။ သူ၏ သွေးဆောင်မှုမှာ အလွန်ပြင်းထန်ကြောင်းသံသယရှိစရာမလိုပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now