၇၈၆ - ၇၉၀

172 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၈၆)ထူးဆန်းသော မြင်ကွင်း

    ဣန္ဒြေသိက္ခာနှင့်နေသည့်လူတစ်ယောက်ပင် ဒေါသထွက်သွားလိမ့်မည်။
    ကျန်းရှောက်ယွမ်၏ သဘောထားသည်  သွမ့်လင်းထျန်ကို မျက်မှောင်ကြုတ်သွားစေသည်။

       ဒါက အစ်ကိုကျန်းရဲ့ ဒုတိယညီလား.....
     ထိုအချိန်၌ သွမ့်လင်းထျန်၏ နားထဲ အသံပို့လွှတ်ချက်တစ်ခု၀င်လာသည်။

      “ညီလေးလင်းထျန်…အစ်ကိုရဲ့ ဒုတိယညီက အစ်ကိုနဲ့ ‌ဖေအေတူပေမဲ့ အမေကွဲတယ်…ငယ်ငယ်ကတည်းက သူက အစ်ကို သူ့ထက်သာတာကိုမနာလိုဖြစ်ပြီး အစ်ကို့ကိုပဲ အမြဲဒုက္ခပေးဖို့ ကြံနေတာ…ဒီတစ်ခေါက် အစ်ကို ရုတ်တရက်ပြန်ရောက်လာတာ သူ့ရဲ့ ကျော်ကြားမှု မှေးမှိန်သွားလို့ အစ်ကိုကို့ပိုပြီးမကျေမနပ်ဖြစ်နေတာ"

      “ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက အစ်ကို့ထက် နိမ့်ကျတဲ့အတွက် အစ်ကို့ကိုတိုက်ရိုက်မစော်ကားရဲဘူး…သူညီလေးကိုဒီလိုဆက်ဆံတာ အစ်ကို့ကိုခက်ခဲအောင်လုပ်နေတာပဲ…ဒါကြောင့်မလို့ ညီလေးဂရုမစိုက်ပါနဲ့"
     ၎င်းမှာ ကျန်းရှောက်ရုံ၏ အသံပို့လွှတ်ချက်ဖြစ်ကြောင်း သွမ့်လင်းထျန်  ခွဲခြားနိုင်သည်။
 
       ဒီတော့ သူတို့က မအေကွဲတွေပေါ့....
    သွမ့်လင်းထျန် ရုတ်တရက်နားလည်သွားသည်။
   အစက ကျန်းရှောက်ရုံသည် ပွင့်လင်းသော စရိုက်တွင် ရှိသော်လည်း ကျန်းရှောက်ရုံတွင် အဘယ့်ကြောင့် ဤကဲ့သို့ညီတစ်ယောက်ရှိသနည်းဟု သူစဉ်းစားမရဖြစ်နေခဲ့သေးသည်။
    တကယ်တန်းတွင် သူတို့သည် အတူကြီးပြင်းခဲ့သော်လည်း မတူသောနို့များသောက်ခဲ့သည်။ ယခုအချိန်၌ သူ နားလည်နိုင်သွားပြီဖြစ်သည်။

      “အစ်ကိုကျန်း…ရပါတယ်…ကျုပ်သူနဲ့ အာရုံနောက်မခံပါဘူး"
      သွမ့်လင်းထျန် အသံပို့လွှတ်၍ တုံ့ပြန်လိုက်သည်။

      တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် သူ၏ စိတ်စွမ်းအားဖြင့်  ကျန်းရှောက်ယွမ်ကို လွှမ်းခြုံလိုက်သည်။
      ချက်ချင်းပင် သူ ိကျန်းရှောက်ယွမ်၏ သိုင်းအဆင့်ကို သိလိုက်သည်။
     ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ခြောက်…

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now