၂၁၆ - ၂၂၀

181 20 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၁၆)ဖခင်၏ ရန်သူ

       သွမ့်လင်းထျန်သည် ဆေးမီးထုတ်ဖော်လိုက်ပြီးနောက် အဘိုးအိုနှစ်ယောက်၏ ကွက်လပ်လက်စွပ်များကို ယူကာ သူတို့၏ အလောင်းများကို ပြာချလိုက်သည်။ ထို့နောက်မှသာ သူထွက်လာခဲ့သည်။။
    မနေ့က သွမ့်လင်းထျန် ဟူဆန်၏ ကွက်လပ်လက်စွပ်မှ ရရှိခဲ့သော ကြွယ်၀မှုကြောင့် ဖြစ်နိုင်သည်။ ယွီကလန်အဘိုးနှစ်ယောက်၏ ကွက်လပ်လက်စွပ်များထဲတွင် ငွေဒင်္ဂါးသန်းအနည်းငယ်ရှိသော်လည်း သွမ့်လင်းထျန်၏ စိတ်ခံစားချက်ကို လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း အလွယ်တကူရလာသည့်ငွေဖြစ်သောကြောင့် မယူပါက ၎င်းသည် ဖြုန်းတီးရာရောက်လိမ့်မည်ဖြစ်သည်။

    ညတာအချိန် တဖြည်းဖြည်း ကျရောက်လာသည်။

    ညစာ စားပြီးနောက် သွမ့်လင်းထျန်သည် သူ၏ ကတိအတိုင်း မစားဖိုဆောင်ထဲ၀င်ကာ စပါးအုံးလေးနှစ်ကောင် အကြိုက်ဆုံး ကြွက်သားကို ဖလားနှစ်လုံးအပြည့် ကျော်ခိုင်းခဲ့သည်။
      စင်စစ်တွင်မူ ၎င်းသည် ပုံမှန်ကြွက်သားမဟုတ်ဘဲ အဓိကဖွဲ့စည်းမှုအဆင့်သုံးသားရဲ မြေအောက်ကြွက်များဖြစ်သည်။

     “ ဖြူလေး...အများကြီး မစားနဲ့…နင့်ကိုယ်နင် ကြည့်ဦး…နင်ဗိုက်ပေါက်တဲ့အထိ စားနေတာလား"
    အပြစ်တင်သည့် အရိပ်အငွေ့ပါ၀င်သော သာယာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် ခူအယ်၏ အသံဖြစ်ပြီး အဖြူရောင်စပါးအုံးလေး၏ ဖောင်းပွနေသော ဗိုက်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

    စပါးအုံးလေးနှစ်ကောင်သည် ဖောင်းကားသော ဗိုက်များဖြင့် စားပွဲပေါ်တွင် လဲ‌လျောင်းလိုက်သည်။
     သွမ့်လင်းထျန်နှင့် လီဖေးသည် ဘေးဘက်၌ ထိုင်နေသည်။ ထိုမြင်ကွင်းအား မြင်ရသည့်အခါ သူတို့ မနေနိုင်ဘဲ ရယ်မောလိုက်သည်။

    ရုတ်တရက် ခူအယ်၊ လီဖေးနှင့် သွမ့်လင်းထျန်တို့၏ အကြည့်များ စပါးအုံးလေးနှစ်ကောင်ပေါ်သို့ ကျရောက်သွားသည်။ စပါးအုံးလေးနှစ်ကောင်၏ ခန္ဓာကိုယ်မှ အမှတ်အသားများသည် လက်ရှိ၌ အနည်းငယ် လင်းနေကြောင်း သူတို့ သတိထားမိလိုက်သည်။
    အနက်ရောင်စပါးအုံးလေး၏ ရွှေရောင်အမှတ်အသားများနှင့် အဖြူရောင်စပါးအုံးလေး၏ ငွေရောင်အမှတ်အသားများသည် တဖြည်းဖြည်း ပို၍ပင် တောက်ပလာသည်။
     အဆုံး၌ အနက်ရောင်စပါးအုံးလေးကို ရွှေရောင်အလင်းများ ဖုံစလွှမ်းသွားပြီး အဖြူရောင်စပါးအုံးလေးကို ငွေရောင်အလင်းများ  ဖုံးလွှမ်းသွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now