၁၃၆ - ၁၄၀

211 18 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၃၆)တင်ပါးမှ အမှတ်

   လက်ရှိအချိန်၌ အဖွဲ့သုံးမှ လူငယ်များသည် ‌ကျေနပ်ရွှင်လန်းသော မျက်နှာဖြင့် ရှိနေကြသည်။

    “ဒီယွီရှန်က ငါတို့ အဖွဲ့သုံးကို မီးမပေးနိုင်ဘူးလို့တောင် ပြောခဲ့တယ်…ဟန့်…ငါတို့ သူ့ဆီက ဘာလို့ မီးတောင်းဖို့ လိုမှာလဲ…သွမ့်လင်းထျန်ရဲ့ ပျင်းစရာကောင်းသော သစ်သားဖြင့်မီးပျိုးခြင်းနည်းလမ်းနဲ့ဆိုရင် ငါတို့မှာ မီးပစ္စတင်တွေ မရှိရင်တောင် အလွယ်တကူ မီးမွှေးလို့ရတယ်"

   “ဟုတ်တယ်…သွမ့်လင်းထျန်က တကယ်ကို အရမ်းထူးချွန်လွန်းတာပဲ…သူက ဒီလိုနည်းလမ်းကိုတောင် တီထွင်နိုင်တယ်"

    “သွမ့်လင်းထျန်က အသက်ဆယ့်ခြောက်နှစ်ဆိုတာ လုံးဝမယုံနိုင်ဘူးဖြစ်နေတယ်…ငါသူ့အရွယ်တုန်းက ငါအဓိကဖွဲ့စည်းမှုအဆင့်ကိုတောင် မရောက်သေးဘူး…ဒါ့အပြင် သူ့လိုလည်း စွမ်းရည်တွေ အများကြီးမရှိသေးဘူး"

    “ဒီယွီရှန်က ‌ဘယ်သူ့ကိုမှ နောက်ထပ် မျက်နှာပြရဲမှာ မဟုတ်လောက်တော့ဘူး"

   “ဒီအကြောင်းပြောရရင် သူ့ရဲ့ ငှက်က တကယ်ကို အရမ်းသေးလွန်းတာပဲ…သူ သုံးလို့ တောင် ရပါ့မလားလို့ ငါတွေးမိတယ်"

   “ရှူး…တိုးတိုးပြော…သူတို့က ကောင်တီမြို့ ယွီကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ…မင်းက သူ့ရဲ့ ပစ်မှတ်ဖြစ်သွားရင် မင်းဒုက္ခရောက်လိမ့်မယ်"

    “အင်း...သူ့ရဲ့ ငှက်က တကယ်အရမ်းသေးတယ်လို့ ငါထင်တယ်…သွားကြားထိုးတံ တစ်ချောင်းလိုပဲ"

    ………

    ထိုအချိန်၌ အဖွဲ့သုံးမှ လူငယ်များသည် သွမ့်လင်းထျန်ကို တရစပ်ချီးကျူးနေပြီး တစ်ချိန်တည်းမှာပင် ယွီရှန်ကို ရက်ရက်စက်စက် နင်းခြေနေသည်။
     သူတို့သည် သိပ်မကြာခင်က သွမ့်လင်းထျန်ကို မကျေမနပ်ဖြစ်ခဲ့ပြီး သူတို့၏ မာနကို လျှော့ချ၍ ယွီရှန်ထံမှ မီးပစ္စတင်ငှားရန် ကြံစည်ခဲ့ကြောင်းကို လုံးဝမေ့နေသကဲ့သို့ပင် ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now