၅၈၆ - ၅၉၀

149 13 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၈၆)တည်နေရာပေါက်ကြားခြင်း

     သွမ့်လင်းထျန် ရွှေကြွက်လေးနှင့်အတူ မိုကလန်မှ ထွက်သွားပြီးနောက် နေမျှတခြင်းကောင်တီမှ ထွက်ကာ အင်ပါယာမြို့သို့ ပြန်လာလိုက်သည်။
    သူ့အတွက် မိုကလန်မှ ကိစ္စမှာ ပြဇာတ်တစ်ခုသာရှိသည်။ ရွှေသုံးသန်းမှာ ရွှေသန်းချီပိုင်ဆိုင်သော သူ့အတွက် ဘာမျှ မဟုတ်ပေ။
     သူ့ကိုအပြစ်ပြုလိုက်စဉ်ကတည်းက မိုကလန်၏ သခင်လေးကံဆိုးခြင်းဟုသာ သတ်မှတ်နိုင်သည်။

     အင်ပါယာမြို့သို့ ပြန်ရောက်ပြီးနောက် သွမ့်လင်းထျန် သူ့စိတ်ထဲမှ အဖြေရှာမရသော မေးခွန်းတချို့ မေးဖို့အတွက် အိမ်သို့ မပြန်ဘဲ သွမ့်ကလန်ကို သွားလိုက်သည်။

     သွမ့်လင်းထျန် သွမ့်ကလန်သို့ရောက်လာပြီးနောက် ခေါင်းဆောင်သွမ့်လုဟော်ကို သွားရှာလိုက်သည်။
    “ခေါင်းဆောင်…ကျုပ်အဖေ မရဏနွံအိုင်မှာ ပျောက်သွားပြီးတဲ့နောက်မှာ သွမ့်ကလန်က ကျုပ်အဖေကို သွားရှာဖို့ ကျွမ်းကျင်သူတစ်‌ယောက် စေလွှတ်ခဲ့တယ်လို့ကြားတယ်…အဲ့ဒီကျွမ်းကျင်သူရဲ့ နာမည်ကို ကျုပ် သိလို့မရလား"
     သွမ့်လင်းထျန် တိုက်ရိုက်ပင် မေးလိုက်သည်။

     သွမ့်လင်းထျန် ထိုကိစ္စကို အဘယ်ကြောင့် စိတ်၀င်စားကြောင်း သူ မသိသော်လည်း သွမ့်လုဟော် ပြောလိုက်သည်။
     “အဲဒီကျွမ်းကျင်သူက ငါတို့သွမ့်ကလန်ရဲ့ ဘိုးဘေး ဟင်းလင်းပြင်ခြေလှမ်း၀က်အဆင့်သိုင်းပညာရှင်ပဲ.…သူ့နာမည်က သွမ့်ယို"

     သွမ့်ယို…
     အမှတ်မထားမိစွာပင် သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းသွားသည်။ သူ၏ ခန့်မှန်းချက်မှာ မှားပုံမရပေ။
       သူ အလွန်ကြီးမားသော မြေအောက်နန်းတော်၏ ခန်းမထဲ၌ တွေ့ခဲ့ရသော အရိုးစုသည် ထိုနှစ်က သွမ့်ကလန်၏ ကျွမ်းကျင်သူဖြစ်နိုင်သည်။
     ကွက်လပ်လက်စွပ်ထဲမှ စာအရ အရိုးစုမည်သူဖြစ်ကြောင်းဖော်ပြနိုင်သည်။

       “ထျန်လေး…မင်းဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းကိုမေးတာလဲ"
    သွမ့်လုဟော် သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now