၄၆၁ - ၄၆၅

161 14 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၆၁)လင်းဟူကျင်းဟုန်

     ဤအရာအားလုံးအိပ်မက်တစ်ခုဟု သူခံစားနေရသည်။
    ထိုနေ့က ဝူတာအို သူ့အားခေါ်ပြီး မူလစွမ်းအင်ကိုသုံး၍ သန်မာသောပြိုင်ဘက်အား အနိုင်ယူနိုင်သည့် သူ၏ စွမ်းရည်အကြောင်းကို မေးသောအခါ ဝူတာအိုအာရုံပြောင်းသွားစေရန်အတွက် သူ ဆင်ခြေတစ်ခုရှာခဲ့သည်။
     သူသည် ရှေးဟောင်းတောအုပ်ထဲမှ ဝိညာဉ်သစ်သီးတစ်မျိုးကို သုံးစွဲပြီးနောက် သူ၏ မူလစွမ်းအင်များ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားသည်ဟု ပြောခဲ့သည်။
     နောက်ပိုင်း၌ ဝူတာအိုယုံကြည်စေရန်အတွက် သူသည် ဝိညာဉ်ရိုင်းသီး၏ လက္ခဏာပုံစံကို ပြောခဲ့သည်။
     ထိုအချိန်က သူ၏ အမြင်အရ ဝိညာဉ်ရိုင်းသီးသည် တိုင်းတစ်ပါးတိုင်းပြည်တွင်ပင် အလွန်ရှားပါးသောကြောင့် ရှေးဟောင်းတောအုပ်တွင်ရှိရန် မဖြစ်နိုင်ပေ။
      သို့သော်လည်း ယနေ့၌ ဝူတာအိုသည် အဆိပ်ကြောင့်သေဆုံးသွားခဲ့ပြီး ဝူတာအိုသေဆုံးခြင်းသည် သူ့ကြောင့်ဟု ဝူတာအို ထပ်ခါထပ်ခါပြောနေသည်။
     ဒါတွေက အရမ်းကြီးမတိုက်ဆိုင်နေဘူးလား...

    “တကယ်ပဲ ရှေးဟောင်းတောအုပ်ထဲမှာ ဝိညာဉ်ရိုင်းသစ်ရှိပြီး ဝူတာအိုက  တွေ့သွားတာလား…"
     သွမ့်လင်းထျန် တွေးတောလိုက်သည်။ အကယ်၍ ထိုသို့သာဆိုပါက ဝူတာအိုသည် အလွန်ကံဆိုးလွန်းသည် မဟုတ်ပါလား…

    ဝိညာဉ်ရိုင်းသီးသည် အလွန်ထူးခြားကာ အဆိပ်ပြင်းသည့် ဝိညာဉ်သစ်သီးတစ်မျိုးဖြစ်သည်။
     တိုင်းတစ်ပါးတိုင်းပြည်မှ ယခင်ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာအပါအ၀င် အတွေ့အကြုံကြွယ်၀သည့် မှော်ဆေးပညာရှင်များသည် အပြင်ပိုင်းလက္ခဏာကိုကြည့်၍ ဝိညာဉ်ရိုင်းသီးကို မခွဲခြားနိုင်ပေ။
     အကယ်၍ ထိုသစ်သီးအကြောင်းကို မသိသူဆိုပါက ဝိညာဉ်ရိုင်းသီးထဲတွင် အဆိပ် ပါမပါကို စမ်းသပ်ရန် နည်းလမ်းတစ်ခုသာရှိသည်။
    လူတစ်ယောက် သို့မဟုတ် သားရဲတစ်ကောင်ကို ကျွေးကာ စမ်းသပ်ခြင်းဖြစ်သည်။
   မဟုတ်ပါက ဝိညာဉ်ရိုင်းသီးတွင် အဆိပ်ပါကြောင်း မည်သည့်နည်းလမ်းနှင့်မျှ စမ်းသပ်၍မရပေ။
     တော်ဝင်အဆင့်မှော်ဆေးပညာရှင်ဖြစ်သည့် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာပင် ဝိညာဉ်ရိုင်းသီးထဲမှ အဆိပ်ကို စမ်းသပ်နိုင်ခြင်းမရှိပေ။
    ထို့ကြောင့် ဝိညာဉ်ရိုင်းသီးသည် မည်မျှကြောက်စရာကောင်းသော အဆိပ်သီးဖြစ်ကြောင်း မှန်းဆနိုင်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now