၄၈၆ - ၄၉၀

163 16 1
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၈၆)သန်မာသော ပြိုင်ဘက်ကို အနိုင်ယူခြင်း
 
     ထိုအချိန်၌ ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ အဖွဲ့၀င်များမှတစ်ပါး သူတို့၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအပါအ၀င် တခြားဂိုဏ်းလေးဂိုဏ်း၏ အဖွဲ့၀င်များအားလုံး တိုက်ပွဲကို ရင်ခုန်စိတ်လှုပ်ရှားခြင်းမရှိတော့ပေ။
     ရှေးဟောင်းအမွေးရှည်ဆင်ခုနှစ်ဆယ်၏ ခွန်အားကွာခြားချက်သည် သွမ့်လင်းထျန်ကို အနိုင်ယူရန် လုံး၀လုံလောက်သည်။

       “ရှေးဟောင်းအမွေးရှည်ဆင်ခုနှစ်ဆယ်ရဲ့ ခွန်အားကွာခြားချက်က အရေးပါလို့လား…"
     အခြားတစ်ဖက်တွင်မူ ကြယ်ဓားခုနှစ်လက်ဂိုဏ်းမှအဖွဲ့၀င်များ၏ မျက်နှာများထက်၌ တောက်ပသော အပြုံးများ ယှက်သန်းနေသည်။
      သူတို့သိသည့်အတိုင်းဆိုပါက လွန်ခဲ့သော တစ်နှစ်က သွမ့်လင်းထျန် အခြေတည်ဝိညာဉ်အဆင့်တစ်တပည့်လျှိုရှစ်ကောကို သတ်လိုက်စဉ်က လျှိုရှစ်ကော ထုတ်ဖော်ခဲ့သည့် စွမ်းအားအပြည့်အ၀သည် သွမ့်လင်းထျန်ထက် ရှေးဟောင်းအမွေးရှည်ဆင် ကိုးဆယ်ကျော်ပင် သာလွန်သည်။
      သို့တိုင် လျှိုရှစ်ကော အသတ်ခံခဲ့ရသည်။

     “ရလဒ်က လုံး၀ထင်ရှားနေပြီ"
     ကျန့်စုန်၏ နှလုံသားပေါ့ပါးသွားပြီး သူ၏ နှုတ်ခမ်းများ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
     ထိုနေ့က  သွမ့်လင်းထျန် လျိုရှစ်ကောကို သတ်လိုက်သည့်မြင်ကွင်းကို သူမြင်တွေ့ခဲ့ရပြီး ရှိနေကြသော လူအားလုံးထဲတွင် ထိုနေ့က အခြေအနေကို ရှင်းရှင်းလင်းလင်းသိသူတစ်ယောက်မျှ မရှိပေ။
      သွမ့်လင်းထျန်၏ သန်မာသောပြိုင်ဘက်အပေါ် အနိုင်ယူနိုင်သော စွမ်းရည်သည် ရှေးဟောင်းအမွေးရှည်ဆင်ကိုးဆယ်ခွန်အားကွာခြားချက်ကို ကျော်လွှားနိုင်သည်။
      ထို့ကြောင့် သူသည် ရှေးဟောင်းအမွေးရှည်ဆင်ခုနှစ်ဆယ်ခွန်အားကွာခြားချက်လောက်ကို ကြောက်ရပါမည်လော…

      သွမ့်လင်းထျန် သူ၏ အဆင့်ခြောက်ဝိညာဉ်လက်နက်ဓားအား လွှဲယမ်းကာ အောက်သို့ ပိုင်းချိန်၌ သူ၏ ခန္ဓာကိုယ်ထဲမှ တိုက်ခိုက်ချင်စိတ်များ ရုန်းကြွလာပြီး လေတစ်ငုံမှုတ်ထုတ်၍ ရေရွတ်လိုက်သည်။
      “ကျေနပ်စရာပဲ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now