၉၄၁ - ၉၄၅

181 14 0
                                    


အပိုင်း(၉၄၁)ကောင်းကင်ဝံပုလွေခံတပ်

      “အင်း"
     ဖုန်ဝူတောက်သည် လုပိုင်ကို ပေါ့ပေါ့တန်တန်ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်။

     သူတဖန်ပြန်ပေါ်လာချိန်၌  သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူ၏ ဘေးသို့ရောက်နေပြီဖြစ်သည်။

      “ကျုပ် စီနီယာရဲ့နာမည်ကိုများသိလို့ရမလား…ကျုပ်အနာဂတ်ကျရင် ကျေးဇူးပြန်ဆပ်ချင်လို့ပါ"
   လုပိုင် မေးလိုက်သည်။

    “မလိုပါဘူး"
    ဖုန်ဝူတောက် တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။
      “တကယ်လို့ အဲဒီလူက ငါ့ကိုရန်စတာကြောင့်သာမဟုတ်ရင် ငါမင်းကိုကယ်မှာမဟုတ်ဘူး…တိမ်ကုန်းမြေတိုက်ကြီးက အရမ်းကျယ်ပြောတယ်… ကျေးဇူးပြန်ဆပ်ဖို့ နေနေ‌သာသာ ငါတို့နှစ်ယောက် ပြန်ဆုံဖို့ အခွင့်အရေးတောင် ရှိနိုင်မှာမဟုတ်ဘူး"
     သူ၏ စကားဆုံးချိန်၌ ဖုန်ဝူတောက်က အသူရာမျက်လုံးလင်းယုန်ကို ကြည့်လိုက်သည်။
     “ချင်...သွားကြစို့"

     အသူရာမျက်လုံးလင်းယုန်သည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ တောင်ပံများကို လှုပ်ခတ်ကာ အဝေးတွင် ပျောက်ကွယ်သွားသည်။
       “ဘာပဲဖြစ်ဖြစ် ဒီနေ့ စီနီယာရဲ့ ကျေးဇူးကို လုပိုင် နှလုံးသားထဲ သေချာမှတ်ထားပါမယ်"
    လုပိုင်သည် ဖုန်ဝူတောက်ထွက်ခွာသွားသည်ကို မြင်ချိန်၌ ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ သွင်ပြင်များကို ရှင်းလင်းစွာမှတ်မိချင်သကဲ့သို့  သူ၏ အကြည့်သည် ဖုန်ဝူတောက်မှတစ်ဆင့် သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူတို့၏  မျက်နှာများပေါ် ကျရောက်သွားသည်။

     လုပိုင်၏ အကြည့်သည် သဘောကျစရာကောင်းရာ သွမ့်လင်းထျန်ပြန်ပြုံးပြလိုက်သည်။

        လုပိုင်သည် အဝေးသို့ကြည့်နေပြီး အသူရာမျက်လုံးလင်းယုန် ပျောက်ကွယ်သွားမှသာ သူ၏ မျက်လုံးထဲ အေးစက်သောအလင်းများ ယှက်ပြေးသွားသည်။
      “လုစုန် အစက ငါ မင်းနဲ့ယှဉ်ဖို့ရည်ရွယ်ချက်မရှိဘူး…ဒါပေမဲ့ မင်းက ငါ့ကိုသတ်ချင်ရုံတင်မက သတ္တမညီမတောင် သတ်ချင်တယ်ဆိုတော့ ငါ မင်းနဲ့ ယှဉ်ရဝာာပေါ့… "

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now