၁၉၆ - ၂၀၀

205 22 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၉၆)သေခြင်းရှင်ခြင်းကတိစာချုပ်

    
     သွမ့်လင်းထျန်၏ စကားသည် ရှိနေကြသော လူအားလုံးကို ကြောင်အမ်းအမ်းဖြစ်သွားစေသည်။

     ဒီသွမ့်လင်းထျန်က ရူးနေတာလား…

     “သွမ့်လင်းရှင်က လေးတန်းကျောင်းသားပဲ…သူက အဓိကဖွဲ့စည်းမှုအဆင့်ကိုးကို ရောက်နေပြီလို့ ပြောကြတယ်…တကယ်လို့ ဒီသွမ့်လင်းထျန်ရဲ့ ပင်ကိုပါရမီက ကောင်းရင်တောင် သူက အသက်ဆယ့်ရှစ်နှစ်၀န်းကျင်ပဲ ရှိသေးတယ်…ဒါ့အပြင်  တစ်တန်းကျောင်းသားပဲ"
    ကျောင်းသားများစွာသည် သွမ့်လင်းထျန်၏ စကားကြောင့် အလွန်အံ့အားသင့်နေကြသည်။

     “သွမ့်လင်းထျန် မဆင်မခြင်မလုပ်နဲ့"
     ရှောင်ရွှမ် မျက်နှာပျက်သွားပြီး သွမ့်လင်းထျန်ကို အလျင်အမြန်ဖျောင်းဖျရန် ကြိုးပမ်းလိုက်သည်။
     သွမ့်လင်းထျန်သည် သန်မာပြီး   တစ်နေ့တွင် သွမ့်လင်းရှင်ထက် ကျော်လွန်မည်ကို သူယုံကြည်သော်လည်း လက်ရှိ သွမ့်လင်းထျန်သည် သွမ့်လင်းရှင်ထက် အနည်းငယ် နိမ့်ကျပေသေးသည်။
    သူသည် သွမ့်လင်းထျန်၏ စွမ်းအားကို မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ မဆိုးသော်လည်း သူသည် စုလီထက် အနည်းငယ်သာ သန်မာကာ အဓိကဖွဲ့စည်းမှုအဆင့်ခုနှစ်တွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း အကယ်၍ သူသည် အဓိကဖွဲ့စည်းမှုအဆင့်ရှစ်သိုင်းပညာရှင်နှင့် ရင်ဆိုင်ရပါက ရပ်တည်ရန်အတွက် အလွန်ခက်ခက်ခဲခဲကြိုးပမ်းရလိမ့်မည်ဖြစ်သည်။ သွမ့်လင်းရှင်သည် အဓိကဖွဲ့စည်းမှုအဆင့်ကိုးဖြစ်သည်။

    ရှောင်ယွီနှင့် ထျန်ဟူတို့သည် ပတ်၀န်းကျင်မှ ဆွေးနွေးသံများကြောင့် သွမ့်လင်းရှင်၏ သိုင်းအဆင့်ကို သိရှိသွားကြသည်။ သူတို့ မျက်နှာပျက်ယွင်းသွားကြပြီး သွမ့်လင်းထျန်ကို ဖျောင်းဖျလိုက်ကြသည်။

    စုလီသာ တစ်စုံတစ်ခုကို နားလည်သကဲ့သို့ သွမ့်လင်းထျန်၏ မျက်လုံးထဲတွင် လက်သွားသော အေးစက်မှုကို သတိထားမိ‌သွားသောအခါ သွမ့်လင်းထျန်ကို ဖျောင်းဖျရန် မကြိုးပမ်းဘဲ သူ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now