၇၁ - ၇၅

250 22 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၇၁)ကျေနပ်စရာ

      လူတိုင်း၏ အကြည့်များအောက်တွင်ပင်...

     ထိုအချိန်၌  သွမ့်လင်းထျန် လှုပ်ရှားလိုက်သည်။ အစောပိုင်းက သူ၏ ခါး၌ထားထားသော လက်သည် ရုတ်တရက် စက်ဝိုင်းသဏ္ဌာန်လှည့်ပတ်သွားပြီး ရှေ့သို့ ထိုးလိုက်သည်။

    မည်သည့်သိုင်းပညာကိုမျှ အသုံးပြုခြင်းမရှိဘဲ...

    ဘန်း...

    သွမ့်လင်းထျန်၏ ညာဘက်လက်ဝါးသည် လီခွမ်၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်ချီအတားအဆီးကို ဖြိုခွင်းသွားပြီး လီခွမ်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

    လီခွမ်၏ လက်ဝါးသည် သွမ့်လင်းထျန်၏ ရင်ဘတ်နှင့် ဆံချည်တစ်ထောက်သာ ဝေးသော်လည်း ရင်ဘတ်ပေါ်သို့ ကျရောက်သွားခြင်းမရှိပေ။

    ဝှစ်...

   လီခွမ်၏ ခန္ဓာကိုယ်သည် သွမ့်လင်းထျန်၏ လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။
      သူသည် လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းပမာ လွင့်ထွက်သွားပြီး အဆက်မပြတ် သွေးအနည်းငယ် အန်လိုက်ရကာ စင်အောက်သို့ ကျ‌သွားသည်။

     ကျေနပ်စရာပဲ...
     သွမ့်လင်းထျန် ပါးစပ်အပြည့်လေများကို မှုတ်ထုတ်လိုက်သည်။
     သူသည် မည်သည့်သိုင်းပညာကိုမှ အသုံးမပြုခဲ့သော်လည်း ပေါင်တစ်သောင်းရှစ်ထောင်ခွန်အားကို အသုံးပြုခဲ့သည်။

     ဤကဲ့သို့ ခံစားမှုမျိုးကို စောက်ရမ်းမိုက်သည်ဟု ပြောရမည်ဖြစ်သည်။
    ထိုခံစားချက်သည် သူ၏ သွေးများကို ဆူပွက်လာစေခဲ့သည်။

    သူတို့၏ တိုက်ပွဲကို ကြည့်ရှုနေကြသည့် ခေါင်းဆောင်အပါအဝင် စင်မြင့်အပေါ်မှ အကြီးအကဲများနှင့် လူများအားလုံးသည် ကြက်သေသေနေကြကြောင်းကို သူ သတိပြုမိလိုက်သည်။ သူစင်ပေါ်မှ ခုန်ဆင်းလာမှသာ လူတိုင်းသတိပြန်ဝင်လာကြသည်။

     “ဘောပဲ...အရူးပဲ"

    “ဘာသိုင်းပညာမှ အသုံးမပြုတဲ့ သာမန်လက်ဝါးရိုက်ချက်က လီခွမ်ရဲ့ ကျွမ်းကျင်အဆင့်အကာအကွယ်သိုင်းပညာကို ဖြိုခွင်းနိုင်ခဲ့တယ်...ဒီသွမ့်လင်းထျန်က ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်သိုင်းပညာရှင်ကော ဟုတ်ရဲ့လား..."

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now