၇၂၆ - ၇၃၀

162 12 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၂၆)အမှိုက်များ

      စပါးအုံးလေးနှစ်ကောင်၏ အသံပို့လွှတ်မှုကိုကြားချိန်၌ သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ ရယ်မောလိုက်သည်။
       ထိုနှစ်ကောင်သည် ရွှေလေး၏ စွမ်းအားကို လက်မခံကြသေးပေ။
      ယောက်ျားကလေးကဲ့သို့ စပါးအုံးနက်လေး၏ အသံပို့လွှတ်ချက်ကိုကြားချိန်၌ သွမ့်လင်းထျန်၏ နှလုံးသားလှုပ်ခတ်သွားသည်။

      “ကျွန်တော်တို့ ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်ရောက်ကတည်းက အစ်မရွှယ်နိုင်နဲ့ အသံပို့လွှတ်ပြီး ဆက်သွယ်နိုင်နေပြီ"
     ၎င်းမှာ အနက်ရောင်စပါးအုံးလေး ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ သိချင်စိတ်များအောက်တွင် သွမ့်လင်းထျန်၏ စိတ်စွမ်းအားဆန့်ထုတ်လိုက်ပြီး စပါးအုံးလေးနှစ်ကောင်ကို လွှမ်းခြုံလိုက်သည်။
      ထိုအချိန်၌ သူ၏ စိတ်စွမ်းအား စပါးအုံးလေးနှစ်ကောင်နှင့် မထိရသေးခင်မှာပင် လျှို့ဝှက်ဆန်းကြယ်ကာနက်နဲသောစွမ်းအင်တချို့ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင်ရှိသော အမှတ်အသားအစင်းကြောင်းများမှ ထွက်ပေါ်လာပြီး သူ၏ စိတ်စွမ်းအားကို ပိတ်ဆို့လိုက်သည်။
      ထို့ကြောင့် သူ၏ စိတ်စွမ်းအားသည် စပါးအုံးလေးနှစ်ကောင်၏ ခန္ဓာကိုယ်ကို မထိနိုင်တော့ပေ။ သူတို့၏ သိုင်းအဆင့်ကို စစ်ဆေးဖို့ဆိုပါက စကားထဲထည့်ပြောရန်မလိုပေ။

     စပါးအုံးလေးနှစ်ကောင်သည် သူတို့၏ ခန္ဓာကိုယ်များ၏ အစင်း ကြောင်းများမှ ထွက်ပေါ်လာသော စွမ်းအင်ကို လုံး၀သတိပြုမိပုံမရကြောင်း သွမ့်လင်းထျန် သတိထားမိလိက်သည်။
     ၎င်းမှာ သူတို့၏ တုံ့ပြန်မှုအရ ပိုင်းခြားသိမြင်နိုင်သောအရာဖြစ်သည်။

      “နက်လေးရဲ့ ခန္ဓာကိုယ်ပေါ်က ရွှေရောင်အစင်းကြောင်းနဲ့ ဖြူလေးရဲ့ ခန္ဓာကိုယ်ပေါ်က ငွေရောင်အစင်းကြောင်းတွေကို အဲဒီနှစ်ကတည်းက ထူးဆန်းတယ်လို့ ငါခံစားခဲ့ရတာ…အခု သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ထုတ်ပြီး ငါ့ရဲ့ စိတ်စွမ်းအားကို ပိတ်ဆို့ထားတယ်"
    သွမ့်လင်းထျန်၏ နှလုံးသားလှုပ်ခါကာ တုန်လှုပ်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now