၂၄၁ - ၂၄၅

223 18 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၄၁)မျိုးနွယ်စုကိုပြန်လာ၍ ဘိုးဘေးများကို အသိအမှတ်ပြုခြင်း

   “မင်းရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလဲ…"
    သွမ့်လုဟုန်သည် သွမ့်လင်းထျန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
    အကယ်၍ ယခင်ကဆိုပါက သူ၏ တူကို အောက်ကျို့စွာ ပြောရမည့်နေရက်တစ်ရက်ရှိလာလိမ့်မည်ဟု သူလုံး၀ စိတ်ကူးမိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ယခု၌ သူ၏ တူသည် ထိုကဲ့သို့ ဆက်ဆံရန် အရည်အချင်းပြည့်မီပေသည်။
   အဆုံး၌ မည်သူမှ အသက်ဆယ့်ရှစ်နှစ်ဖြင့် မူလအူတိုင်အဆင့်ကို မရောက်နိုင်ကြပေ။
   သွမ့်ကလန်သည် သွမ့်လင်းထျန်အား အသုံးချခြင်းမှာ မသင့်လျော်ဟု သူခံစားရသော်လည်း ၎င်းကြောင့် သွမ့်ကလန်သည် ဟင်းလင်းပြင်ထိစပ်ခြင်းသိုင်းပညာရှင်တစ်ယေက် ထွက်ပေါ်လာမည့်အရေးအား စဉ်းစားမိသောအခါ စိတ်အားထက်သန်လာသည်။
    သွမ့်ကလန်မှ လူတစ်ယောက်အနေဖြင့် သူသည် ထိုအခိုက်အတန့်ကို ‌မျှော်လင့်ခဲ့သည်။

    “သွမ့်ကလန်က ကျုပ်လိုချင်တာ ဘာမဆို သဘောတူပေးမှာလား"
    သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းသွားပြီး သွမ့်လုဟုန်ပေါ်သို့ ကျရောက်သွားကာ ထပ်မံအတည်ပြုလိုက်သည်။

   “သွမ့်ကလန်ရဲ့ လုပ်နိုင်စွမ်းထဲမှာ ရှိနေသ၍ ကလန်က အရာအားလုံးကို သဘောတူလိမ့်မယ်"
    သွမ့်လုဟုန် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
   
    သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက် မေးလိုက်သည်။
     “ကျုပ်ခင်ဗျားကို သေစေချင်ရင်တောင်မှလား"

    သွမ့်လုဟုန်၏ ခန္ဓာကိုယ် ဆတ်ခနဲဖြစ်သွားသည်။ သို့သော်လည်း သူ လေးနက်သည့် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
    “ငါ့ရဲ့ သေဆုံးခြင်းက မင်းသွမ့်ကလန်ကိုပြန်တာနဲ့ လဲနိုင်တယ်ဆိုရင် ကလန်က ဒီလိုလုပ်စရာမလိုဘူး…ငါ့ကိုယ်ငါ သတ်သေပေးမယ်"
     သွမ့်လင်းထျန် သွမ့်လုဟုန်ကို စူးစိုက်ကြည့်လိုက်သည်။ မျက်လုံးသည် စိတ်၏ တံခါးပေါက်ဖြစ်သည်ဟူ‌သော စကားပမာပင်ဖြစ်သည်။ လူတစ်ဦးသည် နှုတ်ဖြင့် လိမ်လည်နိုင်သော်လည်း သူတို့၏ မျက်လုံးများမှာမူ လုံး၀ လိမ်လည်၍ မရပေ။
    လက်ရှိအချိန်၌ သွမ့်လင်းထျန်သည် သွမ့်လုဟုန်၏ မျက်လုံးများထဲမှ ခိုင်မာပြတ်သားသည့် အရိပ်အယောင်များကို တွေ့မြင်နေရသောကြောင့် သွမ့်လုဟုန်ပြောသည့်အရာသည် သူ၏ နှလုံးသားထဲမှ လာခြင်းဖြစ်သည်ဟု ဆိုလိုနေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now