၁၁၆ - ၁၂၀

235 18 1
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၁၆)လီချင်း ထွက်ခွာခြင်း
  
    “အိုး...လီချင်းမလား..."
   ရုတ်တရက် လူငယ်နှစ်ယောက် အနီးမှ လျှောက်လှမ်းလာသည်။
      
    ဦးဆောင်လာသော မီးခိုရောင်အဝတ်အစားနှင့် လူငယ်၏ လီချင်းကို ကြည့်သော အကြည့်ထဲ၌ အပြုံးတစ်စပါဝင်နေသည်။

    လီချင်း၏ မျက်နှာ တင်းမာသွားပြီး အော်ဟစ်လိုက်သည်။
    “လီအန်း...မင်းရဲ့ ခွေးခြေထောက်တွေက ငါ့မျက်စိရှေ့က မြန်မြန်ထွက်သွားတာကောင်းမယ်...ငါ့ကို ရန်လာမစနဲ့"

  “လီချင်း...မင်းကိုယ်မင်း အရင်က လီချင်းလို့ထင်နေတာလား...လက်ရ်ှိမင်းက ငါ့အတွက် အမှိုက်ပဲ"
     လီအန်းသည် အထင်သေးစွာဖြင့် လှောင်လိုက်သည်။
     “အခု လီကလန်ရဲ့ လူငယ်မျိုးဆက်သစ်ထဲမှာ သွမ့်လင်းထျန်ကပဲ ငါ့ပြိုင်ဘက်ဖြစ်နိုင်တယ်....မင်းက မထိုက်တန်ဘူး"

     “မင်း သေချင်နေတာပဲ"
   လီချင်း၏ မျက်နှာ ခက်ထန်သွားပြီး သူ၏  ခန္ဓာကိုယ်လှုပ်ရှားသွားကာ လီအန်းကို ခုန်အုပ်လိုက်သည်။

    နဂါးရေကူးခြင်းခြေလှမ်း...

    အမှောင်အောက်လက်ချောင်း...

    လီချင်း၏ ခန္ဓာကိုယ်မှ ရှေးဟောင်းအမွေးရှည်ဆင်သုံးကောင်၏ ခွန်အားပေါက်ကွဲထွက်လာပြီး လီချင်း၏ လက်ချောင်းသည် လီအန်းဆီသို့ တိုးဝင်သွားသည်။

     “ဟန့်...မင်းတစ်ယောက်တည်း အဓိကဖွဲ့စည်းမှုအဆင့်နှစ်မဟုတ်ဘူး"
   လီအန်းလှောင်လိုက်ပြီး ရှေ့သို့ တက်လှမ်းလိုက်သည်။ သူ၏ အထက်တွင် ရှေးဟောင်းအမွေးရှည်ဆင်အရိပ်သုံးခု ထွက်ပေါ်လာသည်။

    ဘန်း...

    လီအန်းသည် လီချင်း၏ လက်ချောင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
    သူ့လက်သီး၏ အင်အားသည် လျော့နည်းသွားခြင်းမရှိဘဲ လီချင်း၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားကာ လီချင်း လွင့်ထွက်သွားသည်။

   “လီချင်း...တကယ်လို့ မင်းက အဓိကဖွဲ့စည်းမှုအဆင့်သုံးဖြစ်သွားရင်တောင် ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...အမှိုက်ဆိုတာ အမှိုက်ပဲ...ဒါကြောင့် မင်းရဲ့ ဘဝတစ်လျှောက်လုံး ငါ့ထက် သာလိမ့်မယ်လို့ ထင်မနေနဲ့"
    လီအန်းသည် လီချင်း၏ ဘေးသို့ ရောက်ရှိလာကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now