၉၅၁ - ၉၅၅

188 15 0
                                    


အပိုင်း(၉၅၁)ဒုခံတပ်မှူး

     “သွမ့်လင်းထျန်"
      သွမ့်လင်းထျန် ဘာမျှလမ်းမလျှောက်ရသေးခင်မှာပင် ကျွမ်းဝင်သောအသံတစ်သံကို ကြားလိုက်ရသည်။
      သူ့မြင်ကွင်းထဲတွင်ရှိသော အနီးက နန်းဆောင်တစ်ဆောင်ပေါ်တွင် ကျွမ်းဝင်သော ပုံရိပ်တစ်ခုရှိသည်။

      “စုလီ"
     သွမ့်လင်းထျန်၏ မျက်လုံးများတောက်ပလာပြီး မျက်တောင်တစ်ခတ်အတွင်း စုလီ၏ ဘေးသို့ ပျံသန်းသွားသည်။
      “စုလီ မင်းဘယ်တုန်းကရောက်တာလဲ"

     “ငါမနေ့ကရောက်တာပဲ"
    စုလီ ပြုံးလိုက်သည်။

     “စီနီယာကောပါလား"
    သွမ့်လင်းထျန် မေးလိုက်သည်။

     စုလီ၏ ဆရာသခင်သည် သူ့ကို တစ်ခါအသက်ကယ်ဖူးသောကြောင့် သူ၏ နှလုံးသားထဲတွင် စုလီ၏ ဆရာသခင်ကို အမြဲလေးစားမှုရှိသည်။

      “ပါတယ်"
    စုလီ ခေါင်းညိတ်လိုက်၏။
    “ဆရာသခင်က အခန်းထဲမှာ ကျင့်ကြံနေတယ်"

     “ဒီလိုဆို ငါစီနီယာကိုမနှောင့်ယှက်တော့ပါဘူး"
     သွမ့်လင်းထျန် ပြုံးလိုက်၏။

     “စုလီ မင်းကတကယ်ကို တစ်ခုခုပဲ…အချိန်က ဘာမှမကြာသေးတာကို မင်းက အဆင့်သုံးဆင့်တောင် တက်သွားတာပဲ…ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်နှစ်ကိုတောင် ရောက်နေပြီ"

     ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်နှစ်မှာ စုလီ၏ လက်ရှိသိုင်းအဆင့်ဖြစ်ပြီး  သွမ့်လင်းထျန်က စိတ်စွမ်းအားဖြင့် ရှာဖွေတွေ့ရှိလိုက်ခြင်းဖြစ်သည်။

       “သွမ့်လင်းထျန်…မင်းရဲ့ မျက်လုံးတွေက အမြဲတမ်း အဆိပ်ရှိတာပဲ"
     စုလီ သက်ပြင်းချလိုက်ပြီးနောက်  သွမ့်လင်းထျန်ကို နက်နက်နဲနဲကြည့်လိုက်သည်။
      “မင်းရဲ့လက်ရှိသိုင်းအဆင့်က ငါ့ထက်နည်းနည်းမှ မနိမ့်ကျဘူးမလား"

      သွမ့်လင်းထျန် ပြန်မဖြေဘဲ ပြုံးရုံသာပြုံးလိုက်သည်။

     စုလီ တစ်စုံတစ်ခုကို သိရှိသွားပုံရပြီး အပြုံးဖြင့် ကျိန်ဆဲလိုက်သည်။
      “မင်းက တကယ်ကို လူထူးဆန်းပဲ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now