၉၃၁ - ၉၃၅

167 16 0
                                    


အပိုင်း(၉၃၁)ကျိန်ဆိုခြင်း

     အနီရောင်ကျက်သရေဝိုင်ဖြစ်စေ သို့မဟုတ် အပြာရောင်အာသီသ၀ိုင်ဖြစ်စေ ၎င်းတို့ကို ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်ထဲတွင် မှတ်တမ်းတင်ထားသည်။ ထိုဝိုင်နှစ်မျိုးကို တိုင်းတစ်ပါးတိုင်းပြည်တွင် ဝိုင်ကောင်းနှစ်မျိုးဟု သတ်မှတ်ထားသည်။
     ပထမဆုံးအနေဖြင့် အနီရောင်ကျက်သရေဝိုင်ကို မီးတောက်ဝိုင်၏ အဆင့်မြင့်ဗားရှင်းဟုပြောနိုင်ပြီး ၎င်း၏ ဆေးအာနိသင်သည် မီးတောက်ဝိုင်ထက် များစွာသာလွန်ကာ အပြာရောင်အာသီသဝိုင်သည် ရေခဲဝိုင်၏ အဆင့်မြင့်ဗားရှင်းဖြစ်သည်။

     “ဒီအနီရောင်ကျက်သရေဝိုင်နဲ့ အပြာရောင်အာသီသဝိုင်တို့ကို အစောက ငါသောက်သလိုသောက်လို့မရဘူး…ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာရဲ့ နည်းလမ်းက အတော်လေးအဆင့်နိမ့်တဲ့ မီးတောက်ဝိုင်နဲ့ရေခဲဝိုင်တို့မှာပဲ သုံးလို့ရတယ်"
    သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ တွေးလိုက်၏။

     ထိုရှင်းပြချက်ကို ကြားချိန်၌ ဖုန်ထျန်းဝူသည် သူ့ကို သံသယမရှိပေ။
     ထို့နောက် သူမသည် ဝိုင်ခွက်ကို မြှောက်ကာ  သွမ့်လင်းထျန်ကို ပြုံးပြလိုက်သည်။
     “အစ်ကိုသွမ့်…မီးတောက်ဝိုင်နဲ့ နှိုင်းယှဉ်ရင် ဒီဝိုင်ရဲ့ ခြားနားချက်ကို ခံစားကြည့်ပါဦး"

      “အင်း"
     သွမ့်လင်းထျန် တုံ့ပြန်လိုက်ပြီးနောက် ဝိုင်ခွက်ကိုကောက်ယူကာ သူ၏ ပါးစပ်တွင် တေ့ပြီးနောက် တစ်ချက်စုပ်သောက်လိုက်သည်။ သူ၏ ပါးစပ်ထဲတွင် ပူလောင်သောအော်ရာတစ်ခုစီးဆင်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပူနွေးသွားပြီး သူ၏ ခန္ဓာကိုယ်ထဲက မူလစွမ်းအင်များ အဆက်မပြတ်ဆူပွက်လာသလို ခံစားလိုက်သည်။

      “အနီရောင်ကျက်သရေဝိုင်က တကယ်ကို ကျော်ကြားမှုနဲ့ထိုက်တန်တာပဲ"
    သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ ရေရွတ်လိုက်သည်။

        သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ သောက်နေကြသော်လည်း သူတို့သည် တခြားစားပွဲဝိုင်းသုံးဝိုင်းက  ယောက်ျားလေးများနှင့် မိန်းကလေးများ၏ ဆွေးနွေးရာခေါင်းစဉ်ဖြစ်နေပြီဖြစ်ကြောင်းကို မသိကြပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now