၂၈၆ - ၂၉၀

191 17 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၈၆)မော်တယ်ဧကရာဇ်ချူး

     သွမ့်လင်းထျန် ပဉ္စမမင်းသားနှင့်အတူ ရာဇပလ္လင်ခန်းမသို့ ရောက်ရှိချိန်၌ ဧကရာဇ်အပြင် လူအနည်းငယ်ရှိနေကြောင်းကို  သတိထားမိခဲ့သည်။

     နတ်အရှင်မှူးမတ်နိယွမ်နှင့် ၀န်ကြီးချုပ်ကူယုထျင်းအပြင် နတ်အရှင်မှုးမတ်အိမ်တော်၏စီနီယာမှူးမတ်သည်လည်း ရောက်နေသည်။ ယခုအချိန်၌ သူသည် အနီးအနားတွင် ထိုင်နေလျက်ရှိသည်။ သူ့အား ဤထိုင်ခုံကို ဧကရာဇ်က ပေးထားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

     သွမ့်လင်းထျန်သည် ရှုံချွမ်နှင့် ပန်းထိုးယူနီဖောင်းအစောင့်ဆယ့်နှစ်ယောက်အားခေါ်ကာ ရာဇပလ္လင်ခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။

     “ခမည်းတော်"
    ဧကရာဇ်ကို မြင်သည့်အချိန်၌ ပဉ္စမမင်းသားသည် သူ၏ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်ပမာ ဒူးထောက်ချလိုက်သည်။
      “ဒီသွမ့်လင်းထျန်ကသားတော်ရဲ့ အိမ်တော်ကို အတင်းအကျပ်၀င်လာပြီးတော့ သားတော်ရဲ့ လက်အောက်ငယ်သားတွေကိုသတ်ပစ်ခဲ့ပါတယ်…ခမည်းတော်သားတော်အတွက် တရားမျှတမှုရှာပေးပါ"

     ဧကရာဇ်၏ အကြည့်များ အနည်းငယ်အေးစက်သွားပြီး နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။
      “မင်းကို ဖမ်းခိုင်းလိုက်တဲ့သူက ငါပဲ…ဘာလို့ မင်းက ကန့်ကွက်နေတာလဲ"

     ပဉ္စမမင်းသား ဧကရာဇ်ကို ကြည့်၍ မေးလိုက်သည်။
      “ခမည်းတော်…သားတော် ဘာအမှားများ လုပ်ခဲ့လို့လဲ"

      “မင်းဘာအမှားလုပ်ခဲ့လဲဆိုတာ မင်းအသိဆုံးပေါ့ …ငါကိုယ်တိုင် မင်းကိုပြောပြရမှာလား"
      ဧကရာဇ်၏ မျက်နှာ နက်မှောင်နေသည်။

      “ခမည်းတော်…ဒီလူယုတ်မာရဲ့ ကုန်းချောတဲ့စကားကို နားမထောင်သင့်ပါဘူး…ဒီသွမ့်လင်းထျန်နဲ့ သားတော်မှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေရှိတယ်…သူက သားတော်ကို ချောက်ချတာပဲ"
    ပဉ္စမမင်းသား အလျင်အမြန်ပြောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now