၃၁၁ - ၃၁၅

187 19 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၁၁)သရုပ်ဆောင်ကောင်းသော

     “စီမံခန့်ခွဲသူချင်… မြန်မြန် အဲဒီလေးစားရတဲ့ ဧည့်သည်တော်နဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေးစမ်းပါ"
    ဟူကျွင်၏ အသံထဲ၌ အလွန်စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေပြီး သူ၏ ရင်ဘတ်သည် ဖားဖိုကြီးပမာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။

    သို့သော်လည်း မာချင်သည် သူ၏ စကားအား လုံး၀မကြားသကဲ့သို့ ပြန်တုံ့ပြန်ခြင်းမရှိကြောင်းကို သူ အလျင်အမြန် သတိထားမိလိုက်သည်။

     “သန့်စင်မှုကိုးဆယ်ရာခိုင်နှုန်းကျော်လား…"
    မာချင်၏ နှလုံးသားတုန်လှုပ်နေကာ မှင်တက်မိန်းမောနေသည်။

    မကြာခင်၌ သူ၏ မျက်နှာတစ်ခုလုံး ရဲတက်သွသည်။ သူသည် မှော်ဆေးပညာရှင်တစ်ယောက်မဟုတ်သည့်တိုင် သန့်စင်မှုကိုးဆယ်ရာခိုင်နှုန်းကျော်သည့် ဆေးတစ်လုံးသည် မည်သည့်အရာအား ကိုယ်စားပြုကြောင်းကို သူသိသည်။

    ထိုကဲ့သို့ ဆေးလုံးတစ်လုံးသည် ဒဏ္ဍာရီထဲက တည်ရှိမှုတစ်ခုဖြစ်သည်။

    အခုသူတို့ရဲ့ မာကလန် လေလံအိမ်တော်မှာ ထွက်ပေါ်လာတာလား…

     “စီမံခန့်ခွဲသူချင်"
   ဟူကျွင်၏ အေးစက်သော အသံနှင့်အတူ မာချင် သတိပြန်၀င်လာသည်။
     “အရှင်ဟူကျွင်…ကျုပ်တောင်းပန်ပါတယ်…ကျုပ်စောနတုန်းက မိန်းမောသွားလို့ပါ"
   
     “မြန်မြန် ငါ့ကို အဲဒီလေးစားရတဲ့ ဧည့်သည်တော်ဆီခေါ်သွားပေး"
     ဟူကျွင် စိုးရိမ်သော အသံဖြင့် ပြောလိုက်သည်။

      အခန်းထဲ၌ သွမ့်လင်းထျန် သန်းဝေနေသည်။

     အစက မာကလန်လေလံအိမ်တော်၏ လေလံပွဲ၌ သူစိတ်၀င်စားသည့် ပစ္စည်းတစ်ခုထွက်လာလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်လည်း ပစ္စည်းငါးခု လေလံတင်ပြီးသွားသည့်တိုင်အောင် သူ စိတ်၀င်စားသည့် အရာမရှိသေးပေ။

     သို့သော်လည်း ခူအယ်နှင့် လီဖေး စိတ်၀င်စားစွာဖြင့် ကြည့်နေကြသည်။ သွမ့်လင်းထျန်၏ နောက်မှ ရှုံချွမ်သည် ပြင်ပကမ္ဘာမှ အရာများအား နည်းနည်းလေးမှ စိတ်မ၀င်စားသကဲ့သို့ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှိနေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now