၂၇၁ - ၂၇၅

199 22 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၇၁)ဧကရာဇ်၏ ဆင့်ခေါ်မှု

    သွမ့်လင်းထျန် လူတစ်ဦးချင်းစီကို ပြုံးပြလိုက်သည်။

     “ဟား…ဟား…ဟား…သွမ့်လင်းထျန် မင်းမနေ့က နေ့ခင်းတုန်းက ထွက်သွားတုန်းက ငါတို့ ထျန်ဟူ‌နဲ့ တွေ့သေးတယ်…သူက မင်းက်ိုတောင် လိုက်ရှာနေသေးတယ်"
     ရှောင်ရွှမ် ရယ်မောလိုက်သည်။

      “ငါ့ကို လိုက်ရှာနေတယ်…ဘာလို့ လိုက်ရှာတာလဲ"
    သွမ့်လင်းထျန် နဝေတိမ်တောင်ဖြစ်သွားပြီး အနည်းငယ်သိချင်သွားသည်။

    “ဘာဖြစ်ရမှာလဲ…မင်းသူ့ကို နေရာမရအောင် မကူညီပေးခဲ့လို့ပေါ့"
   ရှောင်ယွီလည်း ရယ်မောလိုက်သည်။
  
   “ဘောပဲ...မင်းတို့နှစ်ယောက်ငါ့ကို ဒီလိုရောင်းစားလိုက်တာလား"
    သွမ့်လင်းထျန် ‌အော်ငေါက်လိုက်သည်။

    ဤနှစ်ယောက်မှာ အမှန်တကယ်ကို မယုံကြည်ရပေ။

     “ငါတို့ မင်းကို မရောင်းစားပါဘူး…အဲဒါကို သူ့သာသူ ခန့်မှန်းခဲ့တာ"
     ရှောင်ရွှမ် ပခုံးတွန့်၍ ပေါ့ပါးစွာ ပြုံးလိုက်သည်။

    ထိုအချိန်၌ စင့်မာချန်ဖုန်း စာသင်ခန်းထဲ၀င်လာပြီး စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။
     သူ၏ ရှုပ်ထွေးသော မျက်လုံးများသည် သွမ့်လင်းထျန် ပေါ်သို့ ကျရောက်လာသည်။ သွမ့်လင်းထျန် ဤမျှထိ ထူးချွန်လိမ့်မည်ဟု သူပင် မမျှော်လင့်ထားခဲ့ပေ။

      ကြီးမားသော စစ်သည်တစ်သိန်းကျော်ကို အမိန့်ပေး၍ တောင်ပိုင်းအောင်နိုင်ခြင်းနိုင်ငံ၏ တောင်ပိုင်းလူရိုင်းမြို့ကို စစ်သည်အကျအဆုံးတစ်ယောက်မှမရှိဘဲ သိမ်းယူခဲ့သည်။
    စစ်ပွဲ၌ မည်သူမျှ ဤကဲ့သို့ အောင်မြင်မှုမျိုး မရရှိဖူးခဲ့ကြပေ။

     စင့်မာချန်ဖုန်းသည် သွမ့်လင်းထျန်ကို နက်နက်ရှိုင်းရှိုင်းကြည့်ရှုပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။
      “မြားကို သက်ကယ်လှေများနှင့် ငှားယမ်းခြင်း၊ မသိသော လမ်းကြောင်းတစ်လျှောက်ကို ခိုး၀င်ခြင်းနဲ့ အိုးအောက်မှ ထင်းကို ဖယ်ရှားခြင်း ပြီးတော့ မြစ်ကိုဖြတ်ပြီး ကောင်းကင်ကို လှည့်စားခြင်း... သွမ့်လင်းထျန် မင်းက တကယ်ကို မရိုးရှင်းဘူးပဲ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now