၃၀၆ - ၃၁၀

210 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၀၆)အမုန်းတရားများကို မြှုပ်နှံသင်္ဂြိုဟ်ခြင်း   
 
    “အစ်ကိုဘာဖြစ်တာလဲ…သွမ့်လင်းထျန် မင်းက ဘာလို့ ငါ့အစ်ကိုကို ငွေတွေပေးနေတာလဲ"
     အနီးအနားမှ ရှောင်ရွှမ် ထူးဆန်းသည့် မျက်နှာထားဖြင့် ဖြစ်သွားသည်။ မည်သည့်အရာ ဖြစ်ပျက်နေကြောင်းကို သူ မသိပေ။

   “ရွှမ်လေး…သူက မှော်ဆေးပညာရှင်အစည်းအရုံးမှာ ငါနဲ့ အလောင်းအစားလုပ်ပြီး ငွေဒင်္ဂါးငါးသန်းယူသွားတဲ့ ခရမ်းရောင်အ၀တ်အစားနဲ့ လူငယ်ပဲ…အစောပိုင်းက ညီလေးလင်းထျန်ရဲ့ မျက်လုံးတွေက အဲဒီနေ့က လူငယ်ရဲ့ မျက်လုံးတွေနဲ့ တစ်ပုံစံတည်းတူတယ်လို့ ငါသတိထားမိခဲ့တယ်…ဒါပေမဲ့ ငါအဲဒါကို အတည်မပြုရဲခဲ့ဘူး…ဒါပေမဲ့ သူတို့က လူတစ်ယောက်တည်းဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…မယုံနိုင်စရာပဲ"
    ရှောင်ဟီ၏ မျက်နှာပေါ်၌ ခါးသက်သော အပြုံးတစ်ခု ထွက်ပေါ်လာ၏။
      ထိုနေ့က ဂျီးနီးယပ်မှော်ဆေးပညာရှင်လူငယ်ကို ယခုကဲ့သို့ အခြေအနေမျိုးနှင့် ပြန်တွေ့ရလိမ့်မည်ဟု သူ လုံး၀မထင်ထားခဲ့ပေ။

    ရှောင်ရွှမ် ကြောင်တောင်တောင်ဖြစ်သွားသည်။
    “အစ်ကို…အဲဒီနေ့က လူငယ်ရဲ့ ပုံစံက သာမန်ပဲလို့ အစ်ကို ပြောခဲ့တယ်မဟုတ်ဘူးလား"

   “အဲဒီမေးခွန်းကိုတော့ မင်းညီလေးလင်းထျန်ကို မေးရမယ်"
     ရှောင်ဟီ သွမ့်လင်းထျန်ကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

     “သွမ့်လင်းထျန်"
    ရှောင်ရွှမ် ထူးဆန်းသည့် မျက်နှာထားဖြင့် ကြည့်လိုက်၏။

     “တခြားသူတွေ ငါ့ကို သိမှာစိုးလို့ အဲဒီနေ့က ငါရုပ်ဖျက်ခဲ့တာ…ဒါပေမဲ့ မင်းရဲ့ အစ်ကိုက ငါ့ရဲ့ မျက်လုံးတွေကို မှတ်မိနေလိမ့်မယ်လို့ ငါလုံး၀မမျှော်လင့်ထားခဲ့ဘူး"
     စကားဆုံးချိန်၌ သွမ့်လင်းထျန် ရှောင်ဟီကို အံ့အားသင့်သည့်မျက်နှာထားဖြင့် ကြည့်လိုက်သည်။
     နောက်ဆုံး၌ ရှောင်ဟီ သူ့အား မည်ကဲ့သို့ မှတ်မိသွားကြောင်းကို သူ သိလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now